Myanmar House Logo

Myanmar House

Real Estate in Myanmar

မောင်နှမများ အမွေဆက်ခံရေး

April 20, 2023 99 views
မောင်နှမများ အမွေဆက်ခံရေး

အမေဆုံးပြီး ၄ လအကြာမှာ အဖေနောက်အိမ်ထောင်ပြုပြီး မိထွေးကို အိမ်ပေါ်ခေါ်တင်လာပါတယ် ။ ပထမအိမ်ထောင်နဲ့ ၄ ဦး ၊ နောက်အိမ်ထောင်နဲ့ သားသမီး ၅ ဦးရပါတယ် ။ အခုအခါ အဖေဆုံးသွားပြီဖြစ်လို့ အမေ့လက်ထက်ပွား အိမ်ခြံမြေကို နောက်အိမ်ထောင်က သားသမီးတွေ ခံစားခွင့်ရှိပါသလား ။
=======================
အဲ့တော့ သူက အဖေတူအမေကွဲဆိုတော့ ညီအစ်ကိုတွေကြီးပဲပေါ့ကွယ်။ အမွေကိုဘယ်လိုခွဲလဲ ဆိုတော့ ပထမအိမ်ထောင်နဲ့ရ တဲ့ ပစ္စည်းလား၊ ဒုတိယအိမ်ထောင်နဲ့ ရတဲ့ပစ္စည်းလား ဒါကို စဉ်းစားရမှာပေါ့။ အဲတော့ ပထမအိမ်ထောင်နဲ့ရတဲ့ပစ္စည်းဆိုရင်တော့ အမွေရဲ့ နှစ်ဆ ရပါတယ်။ ဒုတိယအိမ်ထောင်နဲ့ ရတဲ့သား သမီးများကတော့ ပထမအိမ်ထောင်နဲ့ ရတဲ့ပစ္စည်းမို့လို့ တစ်ဆပဲရပါတယ်။ သူကတော့ အုပ်စုလိုက်ခွဲပြီးတော့ သွားတာပေါ့ကွယ်။ ပထမအုပ်စု ၊ ဒုတိယ အုပ်စုပေါ့။ ပထမအမေနဲ့ ရတဲ့အုပ်စု၊ ဒုတိယအမေနဲ့ ရတဲ့အုပ်စု။ အဲလိုခွဲတာပေါ့။ သူကတော့ ပထမအိမ်ထောင်နဲ့ ရတဲ့ အုပ်စုကတော့ သူ့မိဘရဲ့ အမေနဲ့ရတဲ့ လက်ထက် ပွားဖြစ်တဲ့အတွက် သူကတော့ ပိုရတာပေါ့။ ဒါကြောင့်သူက ၃ ပုံ ၁ ပုံရတယ်။ ဟိုကတော့(ပထမအိမ်ထောင်က သားသမီးတွေက) ၃ ပုံမှာ ၂ ပုံရတာပေါ့။ ဟိုကတော့ (ဒုတိယအိမ်ထောင်က သားသမီးတွေက)၃ ပုံ ၁ ပုံရ တာပေါ့။ အဲဒီလိုခွဲရပါတယ်။

Related Posts