Myanmar House Logo

Myanmar House

Real Estate in Myanmar

မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

April 21, 2023 90 views
မိန်းမဖြစ်သူ၏အမည်ဖြင့် မြေကွက်ဝယ်ယူ ခြင်း နှင့် ခင်ပွန်းဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

မြေကွက် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးဖြစ်ခဲ့ပါတယ်။ဝယ်သူကလင်မယား( ၂ )ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်း နာမည်သာ ထည့်လိုကြောင်း ပြောလာပါတယ်။

ဘာကြောင့်လင်မယား( ၂ )ယောက်အမည် မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှုပါ။ သူတို့ အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါ ဆရာရယ်တဲ့။ နားလည်မှုရှှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူ နေရာမှာမိန်းမဖြစ်သူအမည်ကိုပဲ ထည့်ပြီး သက်သေနေရာ မှာတော့ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။



မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ဒါပေမယ့် ဥပဒေ ဗဟုသုတအဖြစ် ဆက်လက် တင်ပြလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာ လင်မယားများဖြစ်ပါက မည်သူ၏အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါတယ်။ မယားအမည် ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကို မခွဲရသေးလျှင်ကွာရှင်းပြီး နောက်မှ လင် သို့မဟုတ် မယား အမည်ဖြင့်ဂရမ်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက် တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးလုံး ပိုင်ဆိုင်ခွင့် ရှိပါသည်။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် သို့မဟုတ် မယား တစ်ဦးဦး၏အမည်ဖြင့် ဝယ်ယူသော်ငြား လက်ထက်ပွား ပစ္စည်းဖြစ်ပါကအမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှ ပိုင်ဆိုင်ပါကြောင်းကို တင်ပြအပ်ပါသည်။

Credit By: U Aung Zay Ya(စာချုပ်ရှေ့နေ)

Related Posts