Myanmar House Logo

Myanmar House

Real Estate in Myanmar

Polish {ပေါလစ်} သုတ်တယ်ဆိုတာ

April 24, 2023 1655 views
Polish {ပေါလစ်} သုတ်တယ်ဆိုတာ

Polish {ပေါလစ်} သုတ်တယ်ဆိုတာ✍️
***********************************
🟤 နိုင်ငံခြားပေါလစ်ရဲ့ အခြေခံတွေ သိထားမှရပါမယ်...အထူးသဖြင့် မိမိဘာဆေးတွေ သုံးလဲ သိဖို့ပါ....

🟤ဆေးပုံးတိုင်းရဲ့ အောက်ခြေမှာ စာတွေ
ရေထားပါတယ်။အမျိုးအစား တူညီမှ
အသုံးပြု့ရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

🟤နိုင်ငံခြားပေါလစ်ဆေးများတွင်
လုပ်ငန်း {၃} ရပ်ရှိသည်။

၁။ အရောင် အတွက် ဖီလာ Filler 
အရောင်တော်တော်များများရှိနေမည်။
သင်နာ အခြေခံဖြင့် ပေါင်းစပ်ဖျော်သည်..အသုံးပြု့သည်။🔹🔹

၂။ ဆီလာ (Sealer)များ ၄မျိုးသိထားရင်
လုပ်ငန်းလုပ်လို့ရပါပြီ။
NC ဆီလာ နှင့် PC ဆီလာ 
ဒီနှစ်မျိုးက အသုံးပြု့ပုံနဲ့ ဆေးအာနိသင်
သိပ့်မကွဲလှပါဘူး။ သင်နာ အသုံးများသော နှစ်မျိုးစပ် ဆီလာများသာဖြင်တယ် ...
NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ပါ...
သစ်ကြော ပိတ်တာ မပိတ်တာ သုတ်ကြည့်သိမှာပါ...နဲနဲ နိမ့်တဲ့ ဆီလာထဲပါဝင်တယ်ပေါ့ ....🔹🔹

AC ဆီလာ အက်စစ်ပါဝင်သောဆီလာ
အကြည်လို့ သိထားရင် ရပါတယ်။
ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊
ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။ 
ဆေးတွေက ဈေးမှမတူတာ သိပေါ့ 
AC မှာတော့ ဟာဒနာ ပါဝင်လာတယ်..
သို့သော် အချိုးအစား အများကြီး မသုံးထားပါဘူး၊...AC ဆီလာ ၁၀ဆ+ Acဟာဒနာ ၁ဆ + AC သင်နာ ၅  ဆ ပေါင်းစပ်ဖျော်ရပါတယ်။ 
သုံးမျိုးပေါင်း ဆီလာတွေပါ။
ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။..
ဟာဒနာဆိုသည်က ခြောက်သွေ့မြန်သောဆေးဟုသိထားရင် ရပြီ၊
ဆီလာတွေက သူပါမှခြောက်သွေ့မယ် သတိထားရတဲ့ အချက်ပါ...🔹🔹

PU ဆီလာ သစ်ဆီအများဆုံး ပါဝင်သော ဆီလာ ဆီလာသား အနဲငယ်နောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊
ပြောင်တင်း နေတာလဲ တွေ့ရမယ်၊
ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်း ပိုင်း လှေခါးပိုင်း အနင်းပိုင်းတွေအတွက် အထူးကောင်းမွန်တယ်...
ဈေးလဲမြင့်တယ် ဆေးအချိုးအစားမှာ
ဟာဒနာ အသုံးပြု့မှူ့ ပိုများလာတယ်
PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်....🔹🔹

၃။.ဆီလာပိုင်းတွေ ပြီးတော့ တတိယ လုပ်ငန်း ဖြစ်တဲ့ ...
Lacquer နဲ့ Topcoat ဒီနှစ်ခုက တူသလိုနဲ့ မတူကြပြန်ဘူး။🔹🔹

Lacquer ‌လိုပ်ကာ တွေဟာ NC/PC နဲ့ မျိုးနွယ် နေသလိုရှိတယ် ...
သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးတာ လာတယ် 2k တစ်ချို့မှာ ဟာဒနာပါတယ် UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းတယ်။ 
ခြောက်ချိန်နှေးတယ်၊
သင်နာ ရွေးချယ်တယ်၊ ကြည်လင်တယ်၊
အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ 
%ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ပြောင်တယ်၊...T အမျိုးအစားတွေက စုတ်ဆွဲ
အား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။
80%နုန်းလောက်ထိပြောင်တာ ရှိမယ်ပေါ့ ...
ဒီထဲ အမှိန်တွေ လာတာတွေ့ရမယ်
အမှိန်လိုက်ကာတွေက ပို၍ဆေးပျစ်တယ် သင်နာ အချိုးပိုသုံးရတာရှိမယ်...
ဒါတွေကတော့ Lacquer လိုပ်ကာ အပိုင်းဖြစ်တယ်...🔹🔹

Topcoat အပိုင်း သီးသန့် တွေ့ရမယ်
ပေါလစ်လုပ်ငန်း ဆီလာများရဲ့ တွဲဖက်
အသုံးပြု့ လိုပ်ကာများလို့  မှတ်ယူစေချင်တယ်...
NC /PC topcoat
AC / Topcoat
PU / Topcoat 
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်တယ် ...အမှိန်တွေ အပြောင်တွေကို
ရာခိုင်နုန်းတွေ အထိခွဲထုတ်ပေးထားတယ် ...🔹🔹

နိုင်ငံခြားပေါလစ်ရဲ့ အဓိကအခြေခံ
သုံးရပ်ဟာ မည့်သည့်ကန်ပဏီ ကုန်အမှတ်၊တံဆိပ် ကွဲသွားပါစေ၊ ‌ဆေးအချိုးတွေကို ‌အခုရေးထားတဲ့ ဖော်မြူလာအတိုင်း အသုံးပြု့လို့ရပါတယ်....🔹🔹

အစစ အရာရာ အဆင်ပြေကြပါစေ။

တတ်ကျွမ်းနားလည်သူများအတွက် မရည်ရွယ်ပါဘူး။အခြေခံလေ့လာနေသူတွေ အတွက်အသုံးဝင်မယ် ထင်ပါတယ်၊
ဆေးတွေရဲ့ ထုတ်လုပ်ပုံတွေ ဘာတွေပါဝင်တယ် မသိပါဘူး၊ သိဖို့လဲ လိုမည်မထင်ပါ.....🔹🔹

လိုအပ်ချက်လေးတွေကို ဆရာများထောက်ပြစေလိုပါတယ်🙏🙏🙏

မူရင်းရေးသားသူ #U_Aung_Satt အား Credit ပေးပါတယ်ရှင့်

Credit to original
-----------------------------
Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည် 

Related Posts