Myanmar House Logo

Myanmar House

Real Estate in Myanmar

ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုဂရန်မြေ မြေအမျိုးအစားဖြင့် ခွင့်ပြုမိန့်တင်ရန်

April 24, 2023 112 views
ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုဂရန်မြေ မြေအမျိုးအစားဖြင့် ခွင့်ပြုမိန့်တင်ရန်

- မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မြေအသုံးချမှုသော်လည်းကောင်း၊ ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍သော်လည်းကောင်း အဆိုပါပုဂ္ဂလိကပိုင်မြေအား လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တင်ပြသည့်အခါ မြေအမျိုးအစားမှာ စက်မှုမြေငှားဂရန်ဖြစ်ရမည်။

 

မည်သည့် ဥပဒေနှင့်အညီမြေဌားရမ်းနိုင်ပါသလဲ။

- ပြည်ထောင်စုအစိုးရအဖွဲ့ ကြိုတင်သဘောတူညီချက် သတ်မှတ်မြေငှားရမ်းခနှုန်းထားများဖြင့် လျှောက်ထား သူသည် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု ဥပဒေ၊မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ အစိုးရဌာနများ တွင်လဲ မြေဌားရမ်းနိုင်ပြီး ပုဂ္ဂလိကပိုင်မြေကွက်အား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ပါက စက်မှု မြေဌားဂရန်လျှောက်ထားရယူရန် လိုအပ်ပါသည်။

လက်ရှိလျှောက်ထားကြသည့် မြေအမျိုးအစားများ။

- ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများလျှောက်ထားရာ၌ နိုင်ငံပိုင်မြေများ၊စက်မှုဇုံအတွင်းရှိ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်မြေကွက်များ၊မြို့မြေနှင့်မြို့မြေပြင်ပရှိ ပုဂ္ဂလိကပိုင်မြေကွက်များ၊လယ-၃၀၊လ/ယ-၃၀ လျှောက် ထားဆဲ မြေများအား လျှောက်ထားကြသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်လိုပါက စက်မှုမြေငှားဂရန်ကြိုတင်လျှောက်ထားရန် အထူးလိုအပ်ပါသည်။

Credit to original uploader

Related Posts