Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ထူးခြားဆန်းပြား ဇောက်ထိုးအိမ်လေးများ..

October 19, 2022 155 views
ထူးခြားဆန်းပြား ဇောက်ထိုးအိမ်လေးများ..

ကမ္ဘာ့ထူးခြားအံ့ဖွယ်ရာအဖြစ်လဲ ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားမှုကိုပါဆွဲခေါ်နိုင်သည့် ဇောက်ထိုးဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ အိမ်လေးများကို ကမ္ဘာအနှံ့တွေ့လာရသည်။ ဇောက်ထိုးအိမ်ဒီဇိုင်းကိုစတင်ခဲ့တဲ့နိုင်ငံဟာ ပိုလန်နိုင်ငံဖြစ်ပါတယ်။

ပထမဦးဆုံးဇောက်ထိုးအိမ်လေးကတော့ ပိုလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Szymbark မြို့လေးမှာတည်ရှိပါတယ်။ ထိုအိမ်လေးကို Daniel Czapiewski နှင့် Marek Cyran တို့နှစ်ဦးက ၂၀၀၇ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်ခဲ့ပြီးတော့ ၂၀၀၈ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။

အိမ်လေးထဲ ဘယ်လိုဝင်မလဲ? အိမ်ထဲကို ခေါင်မိုးပြတင်းပေါက်လေးကတစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။ ပုံမှန်တဲ့မတူတဲ့ အိမ်ထောင့်ချိုးတွေကြောင့် အချိန်ပေးဆောက်လုပ်ခဲ့ရတဲ့ ထိုနှစ်ထပ်အိမ်တွင်းမှာအိမ်တွင်းပရိဘောကများကိုလည်း ဇောက်ထိုးအတိုင်းပဲထားရှိထားပါတယ်။

ဇောက်ထိုးအပြင်အဆင်တွေကြောင့် ဝင်ရောက်လေ့လာသူခရီးသွားများကတော့ အိမ်တွင်းဝင်ဝင်ခြင်းစက္ကန့်ပိုင်းတွင်းမှာတင် မူးဝေကုန်ကြတယ်လို့ဆိုပါတယ်။ အိမ်လေးကိုတည်ဆောက်ဖို့ idea ပေါ်ခဲ့ပုံကလဲ ဆန်းပါတယ်။

ဒီဇောက်ထိုးအိမ်လေးကိုတည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပိုလန်နိုင်ငံကို ကွန်မြူနစ်စနစ် အုပ်စိုးခဲ့စဉ်ကာလ ၁၉၇၀ ခုနှစ်များစီက ပိုလန်နိုင်ငံသားများရဲ့ဘဝဟာ အချိန်မရွေးဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောတရားနဲ့ဆောက်လုပ်ခဲ့တာပါ။ ၁၉၇၀ ခုနှစ်ထုတ် TVဟောင်းလေးကိုပါ အိမ်တွင်းအပြင်အဆင်အဖြစ်ထည့်သွင်းထားပါသေးတယ်။

ပိုလန်နိုင်ငံကစတင်ခဲ့တဲ့ ဇောက်ထိုးအိမ်လေးတွေဟာ ကမ္ဘာအနှံ့သို့ပျံနှံလာပါပြီ။ ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံဖြင့်ဇောက်ထိုးအိမ်များကို နိုင်ငံများစွာမှာဆောက်လုပ်လာကြပြီး ထိုကနေတစ်ဆင့် ခရီးသွားဝင်ငွေများ ရှာယူလာကြပါတယ်။ Canada, Georgia, Germany, UK, Thailand တို့လို့ထိပ်တန်းနိုင်ငံခြားခရီးသွားပေါများတဲ့ နိုင်ငံများမှာလည်း ဇောက်ထိုးအိမ်လေးများကိုတွေ့မြင်နိုင်ပါတယ်။

စာဖတ်သူတို့အနေနဲ့လည်း ခရီးသွားလာရင်းနဲ့ဇောက်ထိုးအိမ်လေးတွေနဲ့ကြုံကြိုက်ခဲ့ရင်တော့ ဝင်ရောက်လေ့လာကြည့်ဖို့အကြံပြုပါရစေ။ မူးမော်တာသက်သာဖို့ရူဆေးလေးတော့ဆောင်သွားဖို့လိုမယ်နော်။

Credit : Original Uploader 

Related Posts