Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ATM အီလက်ထရောနစ် ငွေထုတ်စက် အကြောင်း သိကောင်းစရာ

March 8, 2023 169 views
ATM အီလက်ထရောနစ် ငွေထုတ်စက် အကြောင်း သိကောင်းစရာ

ATM အီလက်ထရောနစ် ငွေထုတ်စက် အကြောင်း သိကောင်းစရာ

၁၉၅၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ATM စက် (အလိုအလျောက်ငွေထုတ်စက်) ကို
ပထမဆုံးအသုံးပြုခဲ့ပါ တယ်။ ၁၉၆၀ နောင်းပိုင်းကစတင် ရေပန်းစားပြီး ယနေ့အချိန်
အထိ အသုံးပြုနေတဲ့ ATM (Automated teller machine) ရဲ့ အခြေခံ ဖွဲ့စည်းပုံအ
ကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

CPU (အသုံးပြုသူ interface နှင့် ငွေထုတ်စက်အား ထိန်းချုပ်ရန်)

Magnetic/ Chip card (ငွေထုတ်သူ Customer အား ခွဲခြားဆုံးဖြတ်ရန်)

PIN/ Touch Screen ( လျို့ဝှက်ကုဒ်နံပါတ်ရိုက်ရန်)

Display (ဖန်သားမျက်နှာပြင်)

Function key buttons/ Touch screen ( ထုတ်မည့်ငွေပမာဏအားရိုက်ထည့်ရန်)

Vault (ငွေများအားထိန်းသိမ်းကာကွယ်သည့် မီးခံသေတ္တာအလွှာ)

Housing (စက်အခွံ)



စက်ကို interbank network နဲ့ချိတ်ဆက်ထားရပါတယ်။ ယင်း ဘဏ်ကသီးသန့်အ
သုံးပြုတဲ့ သီးခြားအတွင်း Network မို့လို့သူ့ကို interbank network လို့ခေါ်ပါတယ်။
ယင်းဟာ ဘဏ်အမျိုးအစားတစ်ခုနဲ့ တစ်ခုမတူပါဘူး။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ ဘဏ်
အများအပြားကို Network တစ်ခုတည်းအသုံးပြုတာမျိုး လည်းရှိပါတယ်။

ဥပမာ-ဖိလစ်ပိုင်မှာဆိုရင် ဘဏ် ၁၉ ခုလောက်ဟာ Megalink ကပေးတဲ့ Network
ကို အသုံးပြုပါတယ်။

 ပြီးတော့ စက်ကို host နဲ့ တိုက်ရိုက် ချိတ်ဆက်ခြင်း (သို့မဟုတ်) ADSL (သို့မဟုတ်)
dail-up modern (သို့မဟုတ်) leased line တို့နဲ့ လည်း ချိတ်ဆက်ရပါသေးတယ်။
ADSL ကတော့ ကော့ပါး တယ်လီဖုန်းလိုင်းဖြစ်ပြီး Data ပို့လွတ် မြန်ဆန်မှုရှိပါတယ်။
dail-up modern ဆိုတာကတော့ ရိုးရိုးတန်းတန်း တယ်လီဖုန်းလိုင်းလိုဖြစ်ပါတယ်။
Leased line မှာ POTS လို့ခေါ်တဲ့ လိုင်းကို အသုံးပြုပါတယ်။ POTS ဆိုတာ Plain
old telephone service ဖြစ်ပြီး Data အပို့၊ အလွတ် အင်မတန် ရိုးဆင်းလွယ်ကူပါ
တယ်။

ပြီးတော့ လိုင်းဆွဲအားကောင်းတဲ့ အင်တာနက်လိုင်း ( VPN connection) လိုအပ်ပါ
သေးတယ်။ ATM စက်ရဲ့ Network ကိုနေရာတစ်ခုကနေ အခြားမြို့နယ်က စက်ဆီ
ကို ကူးနိုင်ဖို့ အင်တာနက်လိုင်းကို အသုံးပြုရပါတယ်။

အသုံးများတဲ့ lower-level layer communication protocols ကတော့ SDLC, TC
500, Async, X.25, TCP/IP တို့ဖြစ်ပါတယ်။

စက် အလုပ်လုပ်ပုံ အကျဉ်းချုပ်ကတော့ ကဒ်ကို ထဲလိုက်တဲ့ အခါမှ reader ကဖတ်ပြီး
ရလာတဲ့ Data ကို Administrator ဆီ interbank Network ကနေပို့လွတ်ပါတယ်။
ပြီးတော့ user က ထုတ်မည့် ငွေ ပမာဏကို တွက်ချက်ပြီး Cash Dispenser ကနေ
ထုတ်ပေးပါတယ်။ ပြီး ထုတ်ယူတဲ့ ငွေပမာဏကို user အားသိစေရန် အသိအမှတ်ပြု
စာရွက် (ဘောင်ချာ) ပြန်ပေးပါတယ်။

လုံခြုံရေး အဆင့်မြင့်ပါတယ်။ ဥပမာ လျှို့ဝှက်နံပါတ် မှားရိုက်မှု အကြိမ် အရေအတွက်
များလာရင် မှတ်သားပြီး user ရဲ့ တောင်းဆိုချက်ကို ဘာမှတုန့်ပြန်မှု မပေးတော့ပါဘူး။
ပြီးတော့ အခြား Security function ပါဝင်ပါသေးတယ်။

သို့ပေမဲ့ အားနည်းချက် များလည်း ရှိပါတယ်။ ဥပမာ - မီးပျက်လို့ မရပါဘူး။ မီးပျက်ရင်
(Electrical suppy shut down/ off) ဖြစ်မယ်ဆိုရင် အခက်တွေ့ပါပြီ။ မီးယာယီပျက်
ပြီး ပြန်လာရင်လည်း စက်ကို ပုံမှန်ပြန်လည်ပတ်ပို့ သေချာ စစ်ဆေးပေးရပါတယ်။

 နိုင်ငံကြီးတွေမှာတောင် မမျော်လင့်ပဲ မီးပျက်တဲ့ အခါ အခွင့်ကောင်းစောင့်တဲ့ hacker
များဟာ ATM စက်ကို နည်းအမျိုးမျိုးနဲ့ Hack ပြီးငွေခိုးလေ့ ရှိကြပါတယ်။

CCTV ကင်မရာထားသော်ငြားလည်း ယနေ့အထိ အားနည်းနေဆဲဖြစ်ပါတယ်။ ATM
Card အစား အခြား ဗိုင်းရက်စ်ပါတဲ့ Malware card များအသုံးပြုပြီးထုတ်ယူသူများ
လည်းရှိတယ်လို့ လေ့လာဖူးပါတယ်။

သို့ပေမဲ့ အားနည်းချက် အနည်းငယ်ရှိသော်လည်း လုံခြုံရေးအားသာချက်ပေါင်းများစွာ
ရှိနေတဲ့ ATM စက်များကို ကမ္ဘာတစ်ဝန်းမှာ ယနေ့တိုင် အသုံးပြုနေကြတာကို တွေ့ရ
ပါတယ်။

Ref : Myanmar Market Economy

From: ဝင်းကမ္ဘာကျော် by ဝင်းကမ္ဘာကျော်

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts