Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဒီအချိန်မှာ အိမ်ရောင်းထွက်ဖို့ အကောင်းဆုံးနည်းလမ်းတွေကဘာတွေလဲ?

ဒီအချိန်မှာ အိမ်ရောင်းထွက်ဖို့ အကောင်းဆုံးနည်းလမ်းတွေကဘာတွေလဲ?

ဒီအချိန်မှာ အိမ်ရောင်းထွက်ဖို့ အကောင်းဆုံးနည်းလမ်းတွေကဘာတွေလဲ

ဒီအချိန်မှာတော့ အိမ်ဝယ်ယူလိုသူတွေနဲ့ အိမ်ရှာလိုသူအများစုဟာ facebook မှာ အချိန်အများဆုံး ကုန်ဆုံးတတ်ကြပါတယ်။

 

ဒါ့ကြောင့် facebook marketing ကိုအသုံးပြုခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

facebook marketing လုပ်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ Product အပေါ်မူတည်ပြီး လုပ်ရမယ့်နည်းတွေရှိပါတယ်။

 

အိမ်ရောင်းမယ့်သူတွေဖြစ်တဲ့အတွက်

 

၁။ အိမ်ရဲ့တည်နေရာကို ပေါ်လွင်အောင်ဓါတ်ပုံရိုက်ပါ။

 

- လမ်းအမှတ်အသားနဲ့ အထင်ကရ စတိုးဆိုင် ၊ စူပါမားကတ် စသဖြင့်ပါအောင်ရိုက်ရမှာဖြစ်ပါတယ်။

 

၂။ အခန်းတွေကို ဓါတ်ပုံရိုက်ပါ။

 

- အခန်းတွေကိုရိုက်တဲ့အခါ ညစ်ပတ် ၊ ရှုပ်ထွေးနေတဲ့နေရာတွေကို ရှောင်ရှားပါ။

- ရိုက်တဲ့အခါမှာလည်း မြင်ကွင်းကျယ် (Wide Angle) နဲ့ရိုက်ပါ။

- သူများနဲ့မတူတဲ့မိမိအိမ် (သို့) အခန်းကို ဖန်တီးတာရှိရင် ပေါ်လွင်အောင်ရိုက်ပါ။

 

၃။ နေအိမ် ၊ တိုက်ခန်းရဲ့ Landscaping Area ကိုရိုက်ပါ။

 

- Landscaping Area ကိုရိုက်တဲ့အခါမှာလည်း မြင်ကွင်းကျယ် (Wide Angle) နဲ့ရိုက်ပါ။

 

၄။ မိမိရဲ့ Facebook Acc / Page ကတဆင့် Live sale ဖြင့်ရောင်းပါ။

 

- Live sale လုပ်တဲ့အခါမှာလည်း ကြည်လင်ပြတ်သားမှုရှိပြီး ထိရောက်တဲ့အချက်အလက်များကို ပြောဖို့လိုပါတယ်။

 

၅။ ဓါတ်ပုံနဲ့ Content Writing ရေးသားပါ။

 

ကဲဒီအချက်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် သင့်ရဲ့ အိမ်ခန်းကို အမြန်ဆုံးရောင်းချနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts