Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

🇹🇭 ထိုင်း (၁၀) နှစ်ခံအကြောင်းကို ဗဟုသုတ အနေနဲ့ Sharing လုပ်ပေးခြင်းဖြစ်ပါတယ်

🇹🇭 ထိုင်း (၁၀) နှစ်ခံအကြောင်းကို ဗဟုသုတ အနေနဲ့ Sharing လုပ်ပေးခြင်းဖြစ်ပါတယ်

ထိုင်းမှာ အနေကြာရင် တောင်ပေါ်သား မှတ်ပုံတင် (၁၀) နှစ်ခံ ရိုက်လို့ရပါတယ် ကဒ်ပြားက အမျိုးမျိုး ရှိပါတယ်

1️⃣ဟို့အရင်က စစ်ဖြစ်တဲ့အချိန် ဝင်လားတဲ့သူ
2️⃣ထိုင်းနိုင်ငံ တောင်ပေါ်မှာ မွေးတဲ့သူ
3️⃣ထိုင်းမှာ အနေကြာတဲ့သူ တို့က (၁၀) နှစ်ခံ 
ကဒ်ပြား ရှိတတ်ကြပါတယ်

ဒီ (၁၀) နှစ်ခံကဒ်ပြားက ထိုင်းနိုင်ငံသား မှတ်ပုံတင် ❌ မဟုတ်ပါဘူး ဒါပေမယ့် ထိုင်းနိုင်ငံထဲမှာ နေထိုင်းခွင့် ပြုထားပြီး (၁၀) နှစ် တစ်ခါ ကဒ်ပြား အသစ်လုပ်ရတာပါ ဒီ (၁၀) နှစ်ကဒ်ပြားက အရှေ့ နံပါတ် (၆ နဲ့ ၇) နဲ့ စတဲ့သူတွေဆိုရင် တောင်ပေါ်သား (ရှမ်း ၊ကရင် ၊ လီလူ ၊ လာဟူ၊ ကချင်) ၉ မျိုး ရှိတဲ့ သူအတွက် ထုတ်ထားပေးတာပါ (ဝ-၈၉) နံပါတ်က ထိုင်းမှာ အနေကြာတဲ့ သူအတွက် ထုတ်ထားပေးတာပါခု (၁၀) နှစ်ခံ ကဒ် နောက်ဆုံး ထုတ်ပေးနေတာက (ဝ-၀၀) နံပါတ် ဖြစ်တယ်

နယ်ကျော်လို့ရတဲ့ ကဒ်ပြား ဆိုင်ကယ် ။ ကား လိုင်းစင် ဘဏ်ကဒ် လုပ်လို့ရတဲ့ (၁၀) နှစ်ခံကဒ်ပြား နံပါတ်တွေကနံပါတ် ၆ / နံပါတ် ၇/နံပါတ် (ဝ-၈၉) တို့ပါ

နယ်ကျော်လို့မရတဲ့ ကဒ်ပြား ဆိုင်ကယ် ။ ကား လိုင်းစင် လုပ်လို့ ❌မရတဲ့ (ဘဏ်ကပ်ရသည်)
(၁၀) နှစ်ခံ ကဒ်ပြား နံပါတ်တွေကနံပါတ် (ဝ-၀၀) ပါ

ဒီ (၁၀) နှစ်ခံ ကဒ်ပြားတွေက ထိုင်းနိုင်ငံသား‌ လျှောက် လို့ရတဲ့နံပါတ်‌တွေက‌တော့ နံပါတ် ၆ / နံပါတ် ၇/နံပါတ် (ဝ-၈၉) တို့ဖြစ်ပါတယ်ဒါပေမယ့် သူ့ရဲ့ သက်မှတ်ချက်လဲ အမျိုးမျိုး ရှိပါတယ်

📌ထိုင်းမှာမွေးခဲ့ သလား?
📌တကယ်ပဲထိုင်းကျောင်းတက်ဖူးသလား? 
📌ထိုင်းမှာဘွဲ့ရပြီးတဲ့ထိကျောင်းတက်ခဲ့သလား?
📌တကယ်ပဲထိုင်းမှာ နေတာကြာပြီးဆိုတဲ့ အချက် အမျိုးမျိုးပြည့်စုံတယ်ဆို (၁၀) နှစ်ကဒ်ပြားကနေ ထိုင်းနိုင်ငံသား မှတ်ပုံတင် တောင်းလိုရပါတယ်

(၁၀) နှစ်ခံ ကဒ်ပြား နံပါတ်တွေက နံပါတ် (ဝ-၀၀) ပါ က ထိုင်းနိုင်ငံမွေးစရင်းရှိရင် နယ်ကျော်လိုရပြီး 
မရှိတဲ့ သူဆို ၅ နှစ် ကျော်မှ ‌နယ်ကျော်ခွင့်ပြုတာပါ
တကယ်လို အရေးကြီးနယ်ကျော်ချင်ရင် လဝက ရုံသွားပြီးနယ်ကျော် ခွင့်စာယူရတာပါမယ်

အဲ့ဒီတော့ အသစ်လုပ်ချင်တယ်ဆိုတဲ့လူ‌တွေ ကိုယ့်ရွှေမျိုး တွေက မလုပ်ပေးရင် ကိုတကယ်ရင်းနီးပြီးသိတဲ့လူမဟုတ်ရင် သွားမလုပ်ကြပါနဲ့ အလိမ်ခံရ  လိမ့်မယ်‌နော် လက်ရှိ ပေါက်ဈေး ၃ သောင်းဘတ်ကျော်ကနေ ၈ သောင်းထိ ရှိနေတယ်လို့သိရပါတယ် အမှန်တိုင်းပြောရရင် နိုင်ငံသားတစ်ခုခုရှိနေပြီး passport ရှိထားတဲ့လူတွေအတွက်မလွယ်ပါဘူး လုပ်လို့လဲမရပါဘူးနော် အဲ့ဒါသိထားဖို့ပါ

အောက်ပါနမူနာ (၁၀) နှစ်ခံကဒ် ကျနော့်ရဲ့အရင်ရထားတဲ့ကဒ်ဖြစ်ပါတယ် အခုထိုင်းနိုင်ငံသားအဖြစ်ပြောင်းလိုက်ပါပြီ

#Bangkokkosithu 😎
https://www.bangkokkosithu.com/

Related Posts