Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံခြားခရီးသွားတိုင်း မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခု

နိုင်ငံခြားခရီးသွားတိုင်း မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခု

နိုင်ငံခြားခရီးသွားတိုင်း မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခု

ကိုယ့်နိုင်ငံထဲကထွက်ပြီး တစ်ဖက်နိုင်ငံ Immigration မှာ တုံးထုပြီးတာနဲ့ Passport ရဲ့ ပထမစာမျက်နှာရယ် နောက်ဆုံးတုံးထုပေးတဲ့ စာမျက်နှာကို ဓါတ်ပုံရိုက်ပါ၊ ဖုန်းလည်းပျောက်နိုင်တဲ့ ဖြစ်နိုင်ခြေရှိလို့ အဲ့ပုံတွေကို တစ်ယောက်ယောက်ဆီ Chat Box မှာ ပို့ထားလိုက်ပါ... ဘာလို့ရိုက်ခိုင်းလဲဆိုရင် Passport ပျောက်သွားရင် ဒီအရာ ၂ ခုက အရေးကြီးဆုံး လိုအပ်တာမို့ပါ...

အကြောင်းအမျိုးမျိုးကြောင့် Passport ပျောက်သွားပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ရောက်နေတဲ့နိုင်ငံရဲ့ နီးစပ်ရာ ရဲစခန်းမှာ Report လုပ်ရပါမယ်၊ အဲ့တာက ကိုယ့်ပတ်စပို့နဲ့ တခြားအလွဲသုံးစား လုပ်လာနိုင်တာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ၊ ရဲစခန်းမှာ အခြေအနေ အစအဆုံးပြောပြပြီး ထောက်ခံစာယူပါ... ပြီးရင် အနီးဆုံး မြန်မာသံရုံးကိုသွားရပါမယ် ကိုယ့်ရဲ့ဓါတ်ပုံ၊ Passport ပထမစာမျက်နှာ၊ ဗီဇာတုံး၊ အပြန် Flight နဲ့ ရဲစခန်းထောက်ခံစာပေးပြီး Emergency Document ရဖို့ တောင်းဆိုပါ... သံရုံးက ထုတ်ပေးတဲ့စာမရှိရင် အပြန် လေယာဉ်စီးလို့မရတဲ့အတွက် ဒါက မဖြစ်မနေလုပ်ရမှာပါလို့... ဒါက Passport ပျောက်ပြီး ရက်ပိုင်းအတွင်း မြန်မာပြည်ပြန်ရမယ့် ခရီးသွားတွေအတွက်ပဲ ပြောတာပါ၊ တခြားနိုင်ငံမှာ နေနေတဲ့သူတွေကတော့ သံရုံးမှာ စာအုပ်အသစ်ပြန်လျှောက်လို့ ရပါတယ်...

အပေါ်မှာပြောတဲ့ အလေ့အကျင့်လေးကို သတိတရလုပ်ပါလို့ အရေးကြုံမှ နောင်တမရအောင်ပါ၊ အားလုံးပဲ စိတ်ချမ်းသာပြီး အဆင်ပြေတဲ့ ခရီးစဉ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ...။

#crdtooriginalwritter

Related Posts