Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်
Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ
-----------++++++++-------------++++++++ အမြန်တွက်နည်း
------------------
Site ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမယ့်သံချောင်းအရေအတွက်ကိုတွက်တာ ပိုမြန်တတ်တယ်ဗျ (smiley)
ဒါက အကြောင်းရှိတယ်...သူ့တို့လည်း သူတို့နည်းနဲ့ သူတို့ပဲ .. တခါတလေဆို ကိုယ်တွေအင်/ယာတွေ ခပ်ကြောင်ကြောင်ဖြစ်မိတတ်တယ်(သူတို့တွက်တာ စွန်း မြန်တာကိုးဗျ (smiley) (smiley) )
တခါကဆို ကျနော်က (အင်/ယာတွေတွက်တဲ့အတိုင်း) 1st floor မှာ Slab ဆင်ဖို့ (12'x 15') အခန်းအတွက် ကုန်မယ့် သံချောင်းအရေ တွက်နေတာ။ ကျနော် တွက်နေတာက ဒီလို (smiley) (smiley) ....
(12'-0" x15'-0") > spacing က @6"c/c (10 mm dia) ဆိုတော့ ...
Short span (12'-0")
>12' x 12 = 144 "
> 144 ÷ 6" = 24
= 24+1 = 25 nos ( by 15'-0" )
> 25 x 15' = 375 R-ft.
Long span (15'-0")
> 15' x 12 = 180 "
> 180 ÷ 6 = 30
= 30 + 1 = 31 nos (by 12'-0")
> 31 x 12' = 372 R-ft
therefore,
short span + long span =375 + 372
= 747 R-ft
Layer က အပေါ်/အောက် 2 layers ဆိုတော့ 2 နဲ့ထပ်မြှောက်
> 747 x 2 = 1494 R-ft
> 1494 R-ft ÷ 39'-4" ( as 1 nos steel = 39'-4")
>> Ans.... = 38 nos
........
အဲလိုတွက်နေခိုက်.. အိုက်သံဆရာ လေခေါင်းက ရောက်လာပီးတော့ " ဆရာ... မနက်ဖြန် (12' x 15') အခန်းအတွက် သံကုန်ပီ.. မှာပေးပါအုံး ဆရာ") တဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူက အဲလိုပြောတယ်။ ကျနော်လည်း ရုတ်တရတ် မော့ကြည့်ပီး ဘာမှတော့ မဖြေမိသေးဘူး။
ဒါနဲ့ သူက ဆက်ပြောတယ်.. ရေရွတ်ရင်း ( " 12 ပေ.. 15 ပေ ဆိုတော့ ... 180......360 ...ဆို..တော့ >> 37 ချောင်းလောက် ကုန်မယ် ဆရာ" ) တဲ့ ...ကိုင်း ကြည့်...
ကျုပ် မျက်လုံးပြူးသွားတယ်...
(" ဟာ .. ခင်ဗျာ့ တွက်တာမြန်လှချည်လား
ကျနော် စောနက အဲဒါပဲ တွက်နေတာ 38 ချောင်းရတယ်.... ခင်ဗျား အမြန်တွက်လိုက်တာကလည်း 37 ချောင်း ဆိုတော့ ဟုတ်လှချီလားဗျ (smiley) (smiley) " )
အေးလေဗျာ .. ကျနော်တွက်နေတာက Calculator တွေရော ၊ စာရွက်တွေရော၊ ဘောပင်တွေရော ရှုပ်ရှက်ခက်လို့လေ:-) (smiley) နှိပ်လိုက်၊တွက်လိုက်၊ရေးလိုက်နဲ့။ ခုကျ ... သူတွက်တာ စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။:-) (smiley)
အာ့နဲ့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ မသိမသာလေး ဆွေးနွေးသလို မေးသလိုနဲ့.....( " လုပ်စမ်းပါအုံးဗျ ခင်ဗျာ့ စောနက အမြန်တွက်လိုက်တဲ့ နည်းလေး.." ) ဆိုတော့ သူက
" သြော်... ဆရာရယ်.. ဒီလိုပါ
12 ပေ ၊ 15 ပေ ဆိုတော့ မြောက်လိုက်ရင် 180 ft2 ရတယ်....ပီးတော့ ၂ ထပ် သံစဉ်မှာ ဆိုတော့ ၂ နဲ့ ထပ်မြှောက် ... 360 ရရော..
အိုက် 360 ကို 10 နဲ့ စားပီး 1 ပေါင်းလိုက်တာပဲ... လွယ်ပါတယ် ဆရာရယ်.." တဲ့
ကိုင်းဗျာ:-) (smiley) .. ကျုပ်လည်း သူ့ကို ကျေးဇူးလည်းတင် လေးလည်း လေးစားလိုက်မိပါတယ်။
သူဆိုလိုတာ ဒီလို..
(12' x 15' Room)
12'x 15' = 180 Sft
> 180 x 2 = 360 Sft ( as two layers)
> 360 ÷ (10) = 36
= 36 + 1 = 37 nos
Next eg..
(10' x 10' Room)
> 10 x 10 = 100 Sft
> 100 x 2 = 200 Sft (As two layers)
> 200 ÷ (10) = 20
= 20 + 1 = 21 nos
မှတ်ချက်။ ။ ဒီနည်းက site ထဲမှာ သုံးရလေ့ရှိတဲ့ အလွယ်နည်းသပ်သပ်သာ ဖြစ်ပါတယ်။ တနည်းအား ယေဘုယျအားဖြင့်သာ မှန်ပါတယ်( 6" c/c နဲ့ပဲ အားလုံးတွက်ထားတာ). ... Spacing ပြောင်းသွားရင် မှားပါပီ...ဒါကြောင့် တကယ်က အပေါ်က အင်/ယာ တွက်နည်းဖြင့်သာ တွက်ယူပါ။ သူတို့ လေခေါင်းတွေ တွက်တတ်တဲ့ နည်းလေးသိထားတော့လည်း သူတို့လို တမ်း ကောက်ပြောနိုင်တာပေါ့ဗျာ (smiley) (smiley) ။
ဒါက ခန့်မှန်းခြေ အလွယ် အနီးစပ်ဆုံး မှန်းပြောနိုင်ခြင်းမျှသာ ဖြစ်ပါသည်။
Site ထဲမှ Junior ညီလေး/ညီမလေးများ အသုံးပြုနိုင်ပါစေ....
...ကျနော်ဟာ အင်/ယာ မူကြိုဆရာ အဆင့်မျှသာဖြစ်ပါသည်။
Seniors များနှင့် ဆရာ့ဆရာများအား အမြဲ ကြိုသေလေးစားလျက်.....
24.2.2017
Babylon Engineering Group
(ကြီးရဲ)
Photo Crt. Google.
Credit ပြန်လည်ကူးယူဖော်ပြပါသည်။