Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကျူးကျော်သစ်ကိုင်း ခုတ်လို့ရ၊ မရ ပြဿနာ

October 4, 2022 420 views
ကျူးကျော်သစ်ကိုင်း ခုတ်လို့ရ၊ မရ ပြဿနာ

ကျူးကျော်သစ်ကိုင်း ခုတ်လို့ရ၊ မရ ပြဿနာ 
မေး - တစ်ဖက်ခြံက ကုက္ကိုပင်ရဲ့ အကိုင်းတစ်ကိုင်းဟာ ကျွန်တော့်ခြံဖက် ကျူးကျော်နေပါတယ်။ အကိုင်း ဖြတ်ပေးဖို့ တစ်ဖက်ခြံက ပိုင်ရှင်ထံ သွားပြောတော့ တိုင်ချင်ရာ တိုင်လို့ ပြောပါတယ်။ အဲဒါ ဘယ်လိုလုပ် ရမလဲဆိုတာ သိပါရစေ။ 
ဖြေ - ဒီလိုရှိပါတယ်။ တစ်ဖက်ခြံက သစ်ပင်ရဲ့ အကိုင်းဟာ မိမိခြံအတွင်း ကျူးကျော်ခြင်းကြောင့် မိမိရဲ့ အဆောက်အဦး တွေပျက်စီးမယ်၊ သစ်ပင်ပန်းပင်များ ပျက်စီးနစ်နာမယ်ဆိုရင် ရှေ့ဦးစွာ ရပ်ကွက် ကောင်စီရုံး (ယခု အုပ်ချုပ်ရေးမှူး ရုံး)မှာ ညှိနှိုင်းကြည့်ပါ။ မပြေလည်ရင် သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးထံ တိုင်ပါ။ အဲဒါမှ မလိုက်လျောဘူး ဆိုရင်တော့ သက်ဆိုင်ရာ တရားရုံးမှာ “ ကျူးကျော်နေတဲ့ သစ်ကိုင်းကို ဖြတ်ပေးရန်နှင့် နောက်ထပ်သစ်ကိုင်းများ ထပ်မံမကျူးကျော်စေရန်အတွက် အမြဲတား၀ရမ်းထုတ်ပေးဖို့” တရားမကြောင်းနဲ့ တရားစွဲဆိုရမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါတယ်။
Credit: ဥပဒေရေးရာ
https://www.facebook.com/contractlawyer88/posts/pfbid02kiSswynG8z1c6VYMGWE1LruDaFWdXoe1jM5Wtwusysq1EikAYBFRJYyJPSMGzr7Wl

Related Posts