Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မယားစရိတ်ရလိုမှု

October 13, 2022 1137 views
မယားစရိတ်ရလိုမှု

မယားစရိတ်ရလိုမှု
===========
(က) တရားလိုအမည်နှင့် နေရပ်လိပ်စာ၊
( ခ ) စုံစမ်းသိရှိနိုင်သမျှ တရားပြိုင်အမည်နှင့် နေရပ်လိပ်စာ ၊
(ဂ) တရားလို ( သို့မဟုတ် ) တရားပြိုင်သည် အရွယ်မရောက်သေးသူ ( သို့မ ဟုတ် ) စိတ်ပေါ့သွပ်သူဖြစ်က ဖော်ပြ ရန်၊
( ဃ ) အမှုဖြစ်အကြောင်းခြင်းရာ
      မြန်မာဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦး ပေါင်းသင်းပြီးနောက် သားသမီးရ၍ လင်ဖြစ်သူ တစ်သီးတစ်ခြားနေ၍ မယားအား မထောက်ပံ့က မယားစရိတ်ရလိုမှု စွဲနိုင်ပါသည်။
( င ) အမှုစွဲဆိုနိုင်ရန် အကြောင်းပေါ်ပေါက်သည့်အချိန်
     လင်ဖြစ်သူမှ စရိတ်မထောက်ပံ့သည့်အချိန်မှစ၍ တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါသည်။
( စ ) အမှုစွဲဆိုရမည့် အချိန်ကာလ
အချိန်သတ်မှတ်ထားခြင်း မရှိပါ။ လင်မယားပြတ်စဲခြင်းမရှိသမျှ ကာလအတွင်း တရားစွဲဆိုနိုင်ပါသည်။( ကာလ စည်းကမ်းသတ်ဥပဒေ ဇယား -၂ တွင် တစ်သီးတစ်ခြား ဖော်ပြထားမရှိပါ။ လင်မယားဆက်သွယ်မှုရှိသမျှ ကာလအတွင်း စွဲနိုင်သည်။)
( ဆ ) အမှုစွဲဆိုရမည့် တရားရုံး
     တရားပြိုင်နေထိုင်ရာအရပ် ( သို့မဟုတ် ) တရားလိုကို နောက်ဆုံးခွဲခွာသွားသောအရပ်ရှိ တရားရုံး၌ တရားစွဲဆိုရမည်။ [ တရားမကျင့်ထုံး ပုဒ်မ-၂၀(က) ]
( ဇ ) စီရင်ပိုင်ခွင့်နှင့် ရုံးခွန်ကိစ္စအလို့ငှာ အမှုတန်ဖိုး
     တရားလိုစွဲဆိုတောင်းခံသည့် လခနှုန်းဖြင့် ( ၁၂ ) အတွက် ကျသင့်ငွေ၏ ( ၁၀ ) ဆကို အမှုတန်ဖိုးအဖြစ် ထား ရှိရပါမည်။ [ ရုံးခွန်အက်ဥပဒေ ပုဒ်မ-၇ ( ၂ ) ထောက်ပံ့ကြေး ( သို့ ) စားစရိတ် နှစ်စဉ်ကြေးနှင့် ကာလ အပိုင်း အခြား အလိုက် စွဲဆိုသောအမှု ]
(  စျ )  ထမ်းဆောင်ရမည့် ရုံးခွန်
အမှုတန်ဖိုးအပေါ် ရုံးခွန်ထမ်းဆောင်ရပါမည်။
( ရုံးခွန်ဇယား-၁ )
ပုံသေနှုန်း၊ စာပိုဒ် -၁၇ ( ၆ ) ။
( ည ) တောင်းဆိုနိုင်သည့် သက်သာခွင့်
၁။ မယားစရိတ်အတွက် ဒီကရီချမှတ်ပေးရန်၊
၂။ တရားစရိတ်တောင်းခံရန်၊
( ဋ )  သက်သေပြရန်
     ၁။ တရားပြိုင်သည် အကြောင်းမဲ့ တစ်သီးတစ်ခြားနေကြောင်း၊
      ၂။ တရားလိုအား ထောက်ပံ့ခြင်းမရှိကြောင်း၊
( ဌ ) သက်ဆိုင်သည့်ဥပဒေ
        မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ။
မှတ်ချက်
=====
( ၁ ) မယားစရိတ်ရလိုကြောင်း စွဲဆိုမှုတွင် ကလေးစရိတ်ကိုပါ တစ်ပါ တည်း ထည့်သွင်းစွဲဆို၍မရပါ။ သို့သော် ကလေးမှာ မိခင်နှင့်အတူနေသဖြင့် မယားစရိတ် သတ်မှတ်ရာ၌ တိုးမြှင့်သတ်မှတ်ပေးနိုင်ပါသည်။
( ၂ ) မယားစရိတ်ရလိုကြောင်း ရာဇဝတ်ကြောင်းအရ ပြစ်မှုကျင့်ထုံးပုဒ်မ-၄၈၈ ဖြင့် ရုံးခွန် ၅ိ / - ထမ်းဆောင်၍ စွဲဆိုနိုင်ပါသည်။ ( ၁၀ဝိ /- ) ထက် ပိုတောင်းခွင့်မရှိပါ။
( ၃ ) တရားမကြောင်းတွင် ဥပဒေအရ နိဿိတ ( မှီခိုသူ) ၏ အခွင့်အရေး (   သုံးပုံတစ်ပုံ   ) တောင်းခွင့်ရှိပါသည်။ ဒုတိယမယားရှိက  ခြောက်ပုံတစ်ပုံ သာ ရခွင့်ရှိပါသည် ။
( ၄ ) အမှုစတင်စွဲဆိုသည့်အချိန်မှစ၍ မယားစရိတ်ရခွင့်သာရှိပါသည်။
( ၅ ) ဒီကရီကျသည့်အခါ လင်၏လစာဝင်ငွေအပေါ် တရားမကျင့်ထုံး အမိန့် -၂၁ ၊ နည်း ( ၄၈ ) အရ ဝရမ်း ဖမ်းနိုင်ပါသည်။
( ၆ ) မယားသည် မိမိကိုယ်တိုင် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်သော ကာလအပိုင်းအခြားအတွက် စားစရိတ်တောင်းခွင့်မရှိပါ။
( ၇ ) စားစရိတ်မပေး ပျက်ကွက်က လင်ပိုင်ပစ္စည်းကို ရောင်းချပြီး ရရှိသည့်ငွေမှ စားစရိတ်ရရန်အတွက် လျှောက် ထားနိုင်သည်။ တရားစွဲ ဆိုခြင်းမပြုဘဲ ဒီကရီကို အတည်ပြုပေးရန် လျှောက်ထားရပါမည်။
[ အညွှန်း - ဦးမြင့်လွင် ( တရားလွှတ်တော်ရှေ့နေ ) ၊တရားမအဆိုလွှာ၁၀၀ ၊ ပထမအကြိမ်၊၂၀၁၁ စက်တင်ဘာ ၊ စာ ၂၆၀  ]  /

Credit: ဥပဒေရေးရာ
https://www.facebook.com/contractlawyer88/posts/pfbid02TBVEVZN9Eb1bMnD7CSvqkzoe6JxAat86MFK8KTeCCFs9vvGMFP1dEYPNk1un7dgEl

Related Posts