Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း

October 14, 2022 1203 views
နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း

နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း 
နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်
၁။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ တရားဝင်လာရောက်သည့် ပြည်ဝင်တုံးထုထားသည့် ပတ်စပိုစ့်စာအုပ်မူရင်း
၂။ နိုင်ငံခြားသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မူရင်းနှင့် မြန်မာဘာသာပြန်ထားသည့် နိုတြီတံဆိပ်တုံးပါသည့် စာရွက်မူရင်း
၃။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြောင်း၊ လူပျိုလူလွတ်ဖြစ်ပြီး သတို့သမီး သို့မဟုတ် သတို့သား ကို ချစ်ခင်စုံမက် တရားဝင်လက်ထက်မည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
၄။ ဘုရားရှိခိုးနေသည့် (သို့မဟုတ်) ဆွမ်းကပ်နေသည့် ဓါတ်ပုံ(၃) တို့လိုအပ်ပါသည်။
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အတွက်
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြားသာလိုအပ်သည်။ 
အမျိုးသမီးဆိုလျှင်အသက်(၂၀)ပြည့်ပြီးသူဖြစ်ရမည်။ အမျိုးသားဆိုလျှင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
ထပ်မံလိုအပ်တာတွေကတော့
၁။ လက်ထပ်စာချုပ် 
၂။ သက်သေနှစ်ဦး၏ နိုင်ငံရေးစိစစ်ရေးကတ်ပြားတွေသာဖြစ်ပါတယ်။
အားလုံးစုံရင် မိတ္တူ (၄)စုံဆွဲသွား​ပါ။ ခရိုင်တရားသူကြီးထံမှာ လျှောက်လွှာတင်ပြီး တရားဝင်လက်ထပ်မှတ်ပုံတင်လို့ရပါတယ်။
ကျွန်မအနေဖြင့် ဆက်လက်ဝန်ဆောင်မှုပေးတာကတော့
အဆိုပါလက်ထပ်စာချုပ်ကို သက်ဆိုင်ရာနိုင်ငံခြား ဘာသာသို့ နိုတြီပြန်ပြီး မိုဖာတုံးထုကာ သက်ဆိုင်ရာသံရုံးမှာ Marriage Certificate လျှောက်ပေးပါတယ်။ သံရုံးသွင်းရတဲ့ ဒေါ်လာကတော့ client တွေဘက်က ကျခံရမှာဖြစ်ပါတယ်။
ဒါဆိုရင် နိုင်ငံခြားသားဘက်က သံရုံးနှင့် ၎င်းနိုင်ငံတွင်လည်း ယခုလက်ထပ်မှုကို တရားဝင်အောင် ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကြာမြင့်သည့်ရက်ကတော့ ရုံးဖွင့်ရက် (၂)ရက်အတွင်း အပြီးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လိုအပ်သည့်စာရွက်စာတမ်းများကို ကြိုတင်ပို့ပေးသည့်အတွက်လည်း ယခုလိုမြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ခဲ့တာပါ။
သိရှိလိုသူများနှင့် လိုအပ်သူများအတွက် မျှဝေပေးခြင်းဖြစ်ပါသည်။

Credit: ဥပဒေရေးရာ
https://www.facebook.com/contractlawyer88/posts/pfbid02idYZikMHkFVXE9dVF63biuYhSomcvrQWEnWFmr6gasapE5oUXMjirWHDEYTiGU1l

Related Posts