Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အမွေဆိုင်အိမ်ခြံမြေကို ကျန်အမွေဆိုင်များမသိပဲ တစ်ဦးတစ်ယောက်ထဲသဘောအရ ရောင်းချပါက ဘယ်လိုကန့်ကွက် ဆောင်ရွက်သင့်သလဲ?

အမွေဆိုင်အိမ်ခြံမြေကို ကျန်အမွေဆိုင်များမသိပဲ တစ်ဦးတစ်ယောက်ထဲသဘောအရ ရောင်းချပါက ဘယ်လိုကန့်ကွက် ဆောင်ရွက်သင့်သလဲ?

🟩အမွေဆိုင်များပိုင်ဆိုင်သည့် အိမ်ခြံမြေကို 
အခြားသောအမွေဆိုင်များ၏ 
သဘောတူညီမှုမပါပဲ 
တစ်ဦးတစ်ယောက်ထဲ 
သဘောဆန္ဒဖြင့် ပေါင်နှံ၊ ရောင်းချ၊ 
ငှားရမ်းခြင်းပြုပါက 
အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။🟩
🟩အကယ်၍ လက်ရှိတွင် 
အရောင်းအဝယ်သည် 
အလုံးစုံမပြီးမြောက်သေးပါက 
အခြားသောအမွေဆိုင်များက 
ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ၊ 
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် 
ထိုအရောင်းအဝယ်ပြုလုပ်သော 
အိမ်ခြံမြေနှင့်ပက်သက်၍ 
ကန့်ကွက်လွှာတင်သွင်းခြင်း 
ဆောင်ရွက်ရမည် ဖြစ်ပါသည်။🟩
🟩အရောင်းအဝယ်ပြုလုပ်နေစဥ် 
ကာလအတွင်းတွင်လဲ ဝယ်ယူသူဘက်မှ 
နစ်နာမှု တစ်စုံတစ်ရာမရှိနိုင်အော 
နိုင်ငံပိုင်သတင်းစာများတွင် 
ကန့်ကွက်ရန် ရှိ/မရှိ ကြေငြာချက် 
သတင်းစာတစ်‌စောင် 
ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။🟩
🟩ထိုသို့ကြေငြာချက်ကို 
ထည့်သွင်းပြီးသည့်နောက်တွင် 
ကျန်သောအမွေဆိုင်များမှ 
ထိုအချက်ကိုတွေ့ရှိပြီး ကန့်ကွက်မည်ဆိုလျှင် 
သတင်းစာတွင် ကြေငြာဖော်ပြထားသည့် 
သတ်မှတ်ရက် မတိုင်မီ ပိုင်ဆိုင်မှုစာရွက်စာတမ်း 
မူရင်းများဖြင့် ဝယ်ယူသူထံသို့ 
သွားရောက်ကန့်ကွက်ခြင်း၊ 
သက်ဆိုင်ရာရုံးဌာနများအတွင် 
ကန့်ကွက်လွှာတင်သွင်းခြင်းများ 
ဆောင်ရွက်ရမည် ဖြစ်သည်။🟩
🟩ထိုအခါ အရောင်းအဝယ်သည် 
ရှေ့ဆက်ဆောင်ရွက်၍ မရတော့ပဲ 
အမွေဆိုင်များမသိပဲ 
တဦးတည်းရောင်းချသည့် 
ရောင်းချသူမှ ဝယ်ယူသူအား 
စရန်ငွေ၏(၂)ဆ ပေးလျှော်ခြင်းဖြင့် 
အရောင်းအဝယ် ပျက်ပြယ်သွားမည် ဖြစ်သည်။🟩 
🟩အရောင်းအဝယ်ပြီးမြောက်ပြီးနောက်မှ 
ကျန်သောအမွေဆိုင်များ သိရှိခြင်းဖြစ်ပါက 
အဆိုပါအရောင်းအဝယ်သည် 
ကျန်အမွေဆိုင်များ မသိရှိပဲ ‌
ရောင်းချခြင်းဖြစ်သည့်အတွက် 
အရောင်းအဝယ်ပြုလုပ်ထားသည့် 
စာချုပ်ကို ဖျက်သိမ်းပေးစေလိုမှုဖြင့် 
တရားမမှုစွဲဆိုရမည် ဖြစ်သည်။🟩
🟩တရားစွဲဆိုရာတွင် သတ်မှတ်ထားသည့် 
ကာလအပိုင်းအခြား မစေ့‌ရောက်မီ 
တရားစွဲဆိုရန် လိုအပ်ပါမည်။ 
စာချုပ်ဖျက်သိမ်းပေးစေလိုမှုသည် 
ကာလစည်းကမ်းသတ်မှတ်ချက်အရ 
ဝယ်ယူသူ၏ သတင်းစာကြော်ငြာ 
ထည့်သွင်းသည့်နေ့ရက်မှ 
(၃)နှစ်အတွင်း တရားစွဲဆိုရမှာ ဖြစ်ပါသည်။🟩
🟩ထိုသို့ (၃)နှစ်အတွင်း တရားစွဲဆိုခဲ့ခြင်း 
မရှိခဲ့ပဲ ကာလစည်းကမ်း သတ်မှတ်ချက် 
ကျော်လွန်သွားခဲ့မည်ဆိုလျှင် 
အဆိုပါ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် 
အိမ်ခြံမြေအတွက် တရားစွဲဆို 
ဆောင်ရွက်နိုင်မည် မဟုတ်တော့ပါ။🟩 
🟩အခြားသော အမွေဆိုင်များမှ ဥပဒေအရ 
ဆုံးရှုံးမှုရှိနိုင်မည်ဖြစ်သည့်အတွက် 
မိမိတွင် ပိုင်ဆိုင်မှု ၊ စပ်ဆက်ပိုင်ဆိုင်မှုများရှိပါက 
နိုင်ငံပိုင်သတင်းစာများကို 
စောင့်ကြည့်ဖတ်ရှုခြင်း၊ 
စပ်ဆက်ပိုင်ဆိုင်သည့် အိမ်ခြံမြေ၏ 
သတင်းအချက်အလက်များကို 
နားစွင့်ထားရန် လိုအပ်မည် ဖြစ်သည်။ 
သို့မှသာ မိမိပိုင်ဆိုင်မှု ဆုံးရှုံးခြင်းကို
ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း 
သိစေရန်အလို့ငှာ 
ပြန်လည်ဝေမျှလိုက်ရပါသည်။🟩
#မူရင်းရေးသားသူအား_Credit_ပေးပါသည်။

Related Posts