Myanmar House Logo

Myanmar House

Real Estate in Myanmar

နိုင်ငံခြားတိုင်းပြည်များတွင် ပြုလုပ်သည့်် ကိုယ်စားလှယ်လွှဲစာနှင့် အခြားစာရွက်စာတမ်း များနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတရားရုံးများ တွင် သက်သေခံတင်သွင်းနိုင်ရန်

September 28, 2022 449 views
နိုင်ငံခြားတိုင်းပြည်များတွင် ပြုလုပ်သည့်် ကိုယ်စားလှယ်လွှဲစာနှင့် အခြားစာရွက်စာတမ်း များနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတရားရုံးများ တွင် သက်သေခံတင်သွင်းနိုင်ရန်

တရားမမှုများဖြစ်ပွားတဲ့အခါမှာ
တရားလိုဘက်ကဖြစ်စေ၊တရားပြိုင်ဘက်က
ဖြစ်စေ မိမိကိုယ်စား တရားရုံးမှာအမှုရင်ဆိုင်
ဖို့အတွက် လူပုဂ္ဂိုလ်တစ်ဦးဦးကို
ကိုယ်စားလှယ်လွှဲစာပေးအပ်လို့ရပါတယ်။
-
အထွေထွေကိုယ်စားလှယ်လွှဲစာ
(General Power)ဖြစ်စေ၊
အထူးကိုယ်စားလှယ်လွှဲစာ
(Special Power)ဖြစ်စေ လွှဲအပ်ခြင်း
ခံရတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်စားလှယ်လွှဲစာ
ကိုတင်ပြပြီး တရားလို(သို့) တရားပြိုင်ရဲ့
ကိုယ်စား အခွင့်ရကိုယ်စားလှယ်
တစ်ဦးအနေနဲ့တရားရုံးသို့ လာရောက်ခြင်း၊
လျှောက်ထားခြင်း၊ဆောင်ရွက်ခြင်းများ
ပြုလုပ်နိုင်ရန်အတွက် တရားမကျင့်ထုံး
ဥပဒေအမိန့်-၃၊ နည်းဥပဒေ-၁ အရ
တရားသူကြီးထံလျှောက်ထားရမှာဖြစ်
ပါတယ်။ တရားရုံးက ကိုယ်တိုင်လာရောက်ဖို့
ဆင့်ဆိုတဲ့အခါမှာတော့အမှုသည်ကိုယ်တိုင်
လာရောက်ရမယ်လို့လည်း တရားမ
ကျင့်ထုံးဥပဒေအမိန့်-၃၊ နည်း-၁ မှာ
ပြဌာန်းထားပါတယ်။
-
တရားလို(သို့)တရားပြိုင်ဟာ
ကုမ္ပဏီအနေနဲ့ အမှုရင်ဆိုင်ခြင်းဖြစ်လျှင်
အမှုအကြောင်းအရာကို တင်ပြ ချေပနိုင်မယ့်
ကုမ္ပဏီရဲ့ အတွင်းရေးမှူး၊ ဒါရိုက်တာလူကြီး
(သို့)အခြားအကြီးအကဲ တစ်ဦးဦးကို
ကုမ္ပဏီကိုယ်စားဆောင်ရွက်နိုင်ဖို့အတွက်
ဒါရိုက်တာအဖွဲ့ဝင်များအားလုံးပါဝင်
သဘောတူထားတဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်ချမှတ်ပြီး တာဝန်ပေးအပ်လို့
ရပါတယ်။
-
တာဝန်ပေးအပ်ခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာ
မိမိကို တာဝန်ပေးအပ်ကြောင်း
ဆုံးဖြတ်ခဲ့တဲ့ ကုမ္ပဏီ၏
အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
ကို တင်ပြပြီး ကုမ္ပဏီကိုယ်စားပြု
အမှုရင်ဆိုင်နိုင်ဖို့အတွက်
တရားမကျင့်ထုံးဥပဒေအမိန့်-၂၉၊
နည်း-၁ အရ တရားသူကြီးထံ
လျှောက်ထားရမှာဖြစ်ပါတယ်။
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တွင် အမှုရင်ဆိုင်မယ့် ကုမ္ပဏီဟာ
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ
မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်လျှင်
တရားရုံးတွင်သက်သေခံတင်သွင်းနိုင်ရန်
အတွက် အစည်းအဝေးဆုံးဖြတ်ချက်တွင်
နိုတြီပဗ္ဗလစ် လက်မှတ်ရေးထိုးစရာမလို
သော်လည်း နိုင်ငံရပ်ခြားမှ သက်ဆိုင်ရာ
နိုင်ငံများတွင် မှတ်ပုံတင်ထားသည့်
နိုင်ငံခြား ကုမ္ပဏီများဖြစ်လျှင်တော့
တရားရုံးမှာ သက်သေခံတင်သွင်းနိုင်ဖို့
အတွက် အစည်းအဝေးဆုံးဖြတ်ချက်မှာ
သက်ဆိုင်ရာနိုင်ငံရဲ့ နိုတြီပဗ္ဗလစ်မှ
လက်မှတ်ရေးထိုးဖို့လိုအပ်ပါတယ်။
-
နိုင်ငံခြားတိုင်းပြည်များတွင် ပြုလုပ်သည့််
ကိုယ်စားလှယ်လွှဲစာနဲ့ အခြားစာရွက်စာတမ်း
များနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတရားရုံးများ
တွင် သက်သေခံတင်သွင်းနိုင်ဖို့အတွက်
မည်သို့ မည်ပုံဆောင်ရွက်ရမည်ကို
လမ်းညွှန်ထုံးဖွဲ့ထားတဲ့ စီရင်ထုံးတစ်ခု
ရှိပါတယ်။
-
Seasons Overseas Pte.,Ltd ပါ-၉ နှင့်
Great Light Co.,Ltd ပါ-၇
၂၀၁၈ခုနှစ်၊ မ.တ.စ၊ စာ-၄၃ မှာ
“နိုင်ငံခြားတိုင်းပြည်တွင်ပြုလုပ်သည့်
ကိုယ်စားလှယ်လွှဲစာကိုဖြစ်စေ၊
အခြားစာမှတ်စာတမ်း တစ်စုံတစ်ရာကို
ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရှိ နိုတြီပဗ္ဗလစ်
သည် ၎င်းရှေ့တွင်ပြုလုပ်ခြင်းမှန်ကြောင်း
လက်မှတ်ရေးထိုးပြီး ယင်းလက်မှတ်
ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်
ရာနိုင်ငံက ဥပဒေအရခန့်ထားသည့်
နိုတြီပဗ္ဗလစ်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံ၏
နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ်
သံရုံးအရာရှိ သို့မဟုတ် ကောင်စစ်ဝန်
က ထပ်ဆင့်လက်မှတ်ရေးထိုးအတည်
ပြုမှသာ ယင်းကိုယ်စားလှယ်လွှဲစာကို
မြန်မာနိုင်ငံတရားရုံးက သက်သေခံ
အက်ဥပဒေပုဒ်မ-၈၅ အရမှတ်ယူခွင့်
ရှိမည်ဖြစ်သည်။ အခြားစာမှတ်စာတမ်း
ဖြစ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကြောင်း
လက်မှတ်ထိုးပြီး သက်ဆိုင်ရာနိုင်ငံခြား
ရေးဝန်ကြီးဌာန သို့မဟုတ် သံရုံးအရာရှိ
သို့မဟုတ် ကောင်စစ်ဝန်က အတည်ပြုလုပ်
လက်မှတ်ထိုးမှသာ သက်သေခံအက်
ဥပဒေပုဒ်မ-၇၈၊ ပုဒ်မခွဲ-၆အရ
သက်သေထင်ရှားပြနိုင်မည်ဖြစ်သည်။”
ဟု စီရင်ထုံးဖွဲ့ထားပါတယ်။
-
(ဥပဒေဗဟုသုတအလို့ငှာရေးသား
ဖော်ပြခြင်းဖြစ်ပြီး မူရင်းဥပဒေပြဌာန်းချက်များ
နှင့် သက်ဆိုင်ရာစီရင်ထုံးများတွင်
အသေးစိတ်လေ့လာဖတ်ဖတ်ရှုနိုင်ပါတယ်။)

ဦးပြည်သာကျော်မီ
(တရားလွှတ်တော်ရှေ့နေ)

Related Posts