အခုတစ်လော ကျပ်ငွေ တန်ဖိုးကျဆင်းလာမှုနဲ့အတူ အိမ်ခြံမြေ အရောင်းအဝယ်တွေက “ဖုတ်ပူမီးတိုက်” ဆိုသလိုပါ
အခုတစ်လော ကျပ်ငွေ တန်ဖိုးကျဆင်းလာမှုနဲ့အတူ အိမ်ခြံမြေ အရောင်းအဝယ်တွေက
“ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။
ချက်ချင်းစာရွက်စာတမ်းစစ်ဈေးညှိစရန်ချလုပ်ကြပါတယ်။
“အခုပဲ စာချုပ်ချင်လို့ ဆရာ အမြန်လာ ပေးပါဆိုပြီး
ကြိမ် စကြာနဲ့ ရိုက်ခေါ်သလိုပဲ။
အရောင်း အဝယ်လုပ်မယ့်နေရာကို အချိန်မီ အရောက် ပြေးရတယ်။
ယနေ့စရန်ပေးစာချုပ်အားချင်း
ချူပ်ပေးခဲ့ပါတယ်။
ကန်ထရိုက်တာဖက်ခြမ်း ဝယ်ယူတာဖြစ်တဲ့အတွက် ကန်ထရိုက်တိုက်ခန်းဝယ်ရင် ဘာတွေလုပ်ဆောင်ရမလဲဆိုတာ
ဆရာကြီးထီုယုဆောင်းပါးနဲ့ဖော်ပြပေးလိုက်ပါတယ်။
''တိုက်ခန်းအရောင်းအဝယ်မှာ အခွန်ဆောင်ရပါသလား''
ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ
လာရောက်ဆွေးနွေးလာပါသည်။
''တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား''
စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။
''ဝယ်ရောင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။
ဒါပေမယ့်
''
''အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကိုစုံစမ်း မေးမြန်း
ထားရမယ်ဆိုတာ''
''အခုဝယ်မယ်လို့ စဉ်းစားထားတဲ့ အဆောက်အအုံက
အသစ်လား၊ လူနေပြီးသားတိုက်ခန်း တွေလား''
''အသစ်ပဲ၊ အခုမှ ဆောက်ပြီးတာ တစ်လခန့်ပဲရှိမယ်
ထင်တယ်''
''ကန်ထရိုက်တာရမယ့် အခန်းများထဲက တစ်ခန်းကို
ပြောတာပဲ''
''ကန်ထရိုက်တာ အခန်းဆိုရင်တော့ နည်းနည်းသတိထားဖို့
လိုတယ်၊
ဆောက်လုပ်ရေးလုပ်နေစဉ် ငွေအရင်းအနှီးပြတ်သွားလို့
ပေါင်နှံထားတဲ့ အခန်းတွေရှိတတ်တယ်။
ရေမီးစုံ မစုံ၊ မော်တာ၊ မီတာ သီးခြားစီရှိ မရှိ စိစစ်ဖို့ လိုတယ်''
''ရေက အဝီစိတွင်းလို့ ပြောတယ်။
တိုက်ခန်းတိုင်းမှာ မော်တာ တစ်လုံးစီ၊ မီတာတစ်ခုစီ
တပ်ပေးထားတယ်လို့ သိရတယ်''
လူနေထိုင်ခွင့်ရောကျပြီးပြီလား?
''သူငယ်ချင်း''
''အဲဒါတော့ မေးမထားမိဘူး''
''အေး-အဲဒါက အဓိကပဲ၊ လူ နေထိုင်ခွင့် မရသေးဘဲ
တက်နေကြတာ အများကြီးဖြစ်နေတယ်''
''လျှောက်ထားဆဲဆိုရင် ဖြစ်သလား''
''ဒါလည်း သေချာမေးကြည့်ဖို့လိုမယ်၊ လျှောက်ထားတဲ့
စာရွက်စာတမ်းတွေကြည့်ရရင်တော့ သေချာတာပေါ့''
''နေထိုင်ခွင့်မရဘဲနေမိရင် ဘာဖြစ်တတ်သလဲ''
''ဥပဒေကတော့ ဖယ်ရှားတဲ့ အထိ လုပ်ပိုင်ခွင့်ရှိတယ်။
ဒဏ်ငွေ ဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်း
ရှိပါတယ်''
''ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာ မဟုတ်လား''
''ကန်ထရိုက်တာက ကုန်ကျစရိတ် မခံနိုင်တာနဲ့ အခန်းတွေ
အပ်ပြီး ထွက်သွားတာတွေ အမျိုး မျိုးရှိတယ်။
ဒီအချက်ကနောက်တော့ ထပ်ဆွေးနွေးတာပေါ့၊
အခု သူငယ်ချင်းပြောတဲ့ အခွန်အကြောင်း ဆွေးနွေးရအောင်''
''ကောင်းပါတယ် သူငယ်ချင်း''
''ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ
နိုင်ငံသားမည်သူမဆို၊ အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊
တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊
လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစ္စရပ်တွေမှာ
အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်းထားတယ်''
''အခြေပစ္စည်းဆိုတာက ဘာကို ဆိုလိုတာလဲ''
''အိမ် ခြံ မြေ၊ တိုက်ခန်းကို ဆိုလိုတာဖြစ်တယ်။
ဒါကြောင့် တိုက်ခန်းဝယ်ရင် ဥပဒေအရတော့
အခွန်ပေးဆောင်ရမှာပဲဖြစ်တယ်''
''အချို့လည်း ဝယ်ခွန်မဆောင်ဘဲ နေကြတာတွေရှိတယ်
မဟုတ်လား''
''မှန်ပါတယ်။
များသောအားဖြင့် တိုက်ခန်းရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်
မဆောင်ဘဲနေကြတာ များပါတယ်။
မြေကွက်ကိစ္စတွေ ကတော့ အမည်ပေါက်ပြောင်းမယ်ဆိုရင်
ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့
မဖြစ်မနေ ဝယ်ခွန်ဆောင်ကြတာ ဖြစ်တယ်။
တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့်
တင်းကျပ်တဲ့ စည်းမျဉ်း လုပ်ထုံး လုပ်နည်း ထုတ်ပြန် ထားတာ
မတွေ့ ရဘူး။
ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်
နေကြတာ ဖြစ်တယ်''
''သက်ဆိုင်ရာဝန်ကြီးဌာန က မြေကွက်တန်ဖိုး စံနှုန်း
သတ်မှတ်ပေးတာရှိတယ် မဟုတ်လား''
''ရှိတယ်၊ အဲဒီစံနှုန်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်''
''ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာ
ရှိမှာပေါ့''
''ရှိတာပေါ့၊
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်း
အထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုး စံနှုန်း
သတ်မှတ်ပေးထား ပါတယ်''
''ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း
ဆောင်ကြရမှာပေါ့''
''မှန်ပါတယ်။
ဝယ်ခွန်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ထံ
တိုက်ခန်းဝယ်ပြီး ရက်ပေါင်း (၃ဝ) အတွင်း လျှောက်ထား
ရပါတယ်။
အဲဒီရက်ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်''
''အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့''
''မှန်ပါတယ်၊
အရောင်းအ ဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင်
သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာဖြည့်စွက်
တင်သွင်းရမှာ ဖြစ်တယ်။
အခက်အခဲမရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြား
ပြသ အကူအညီ ပေးသွားမှာဖြစ်တယ်''
''ဝယ်ခွန်ဆောင်ရင် ဘယ်လို အကျိုးကျေးဇူး ရနိုင်မလဲ''
''ဒါကတော့ ရှင်းပါတယ်။
ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့
ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါ တယ်''
''ပြန်ရောင်းရင်ဘယ်လိုဖြစ်နိုင်သလဲ''
''ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့
ရောင်းစဉ်က ရရှိတဲ့ အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း
ဆောင်ရမှာ ဖြစ်တယ်။
ရောင်းရငွေပေါ်မှာ ဆောင်ရမှာ မဟုတ်ဘူး''
''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာ က
ကောင်းတာပေါ့နော်''
''မှန်ပါတယ်။
အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ၊
အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။
အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက
ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေးဆောင်
ထားတာ အကောင်းဆုံးပဲ သူငယ်ချင်း'' ဟု
အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။
ထီယု (ဥပဒေ အတိုင်ပင်ခံ)