Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးဆိုတဲ့ ဥပဒေရှိသလိုလို ၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ် ။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။

=============================

ဒါကအရပ်ထဲမှာပြောနေကြတာ ..  အခုတလောပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့၊ နှစ်ရှည်မငှားထားနဲ့ နှင်လို့မရဘူးဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့ နှင်လို့မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တစ်ချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင်ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့သတိထားစရာတစ်ခုတော့ရှိတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြု ချက်နဲ့ထားတဲ့သူက ဘယ်နနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားတဲ့သူက ခွင့်ပြုချက်နဲ့ထားတာပဲ ၊ သူက အိမ်ပိုင် သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားက အိမ်ပိုင်ဖြစ်မလာနိုင်ဘူး။

ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြ ပါစို့ ။ ခွင့်ပြုချက်နဲ့ထားတယ် ။ အဲ့ဒီခွင့်ပြုချက်န ဲ့ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မဖယ်ပေး ပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့ ။ နို့တစ် ထုတ်တယ်ဆိုတဲ့အခါကျတော့  ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူသိအောင် ပြော ရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရားတဘောင်စွဲလို့မရဘူး။

အဲဒီတော့ တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့ ။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမှ အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်းသိသင့်တာ။ အမှန်က အဲ့ဒါကို သတိမထားမိရင်တော့ သူက အမှား အယွင်းဖြစ်တတ်တယ်။ ဆိုတော့ အဲ့ဒီကာလစည်းကမ်းသတ်ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ်ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလိုဆိုထားတာပေါ့ ။ ၆ နှစ်ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

ဒီလိုပဲ အိမ်ရှင်အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ် လာနိုင်ဘူး။ သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ နို့တစ်စာပေးတယ်ဆိုတာကတော့ အိမ်ငှား အဖြစ်ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူသိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ် ရက်မှာတော့ ဆင်းပေးတော့ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ ည ၁၂နာရီကျော်လို့ရှိရင် ဒီဥစ္စာလက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။

အဲ့ဒီလိုထုတ်ပြီးပြီး ငှားရမ်းခဖြတ်တောက်ပြီးပြီးဆိုရင် တရားစွဲရမယ်လေ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာ လစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့ ၊ စောစောကပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာပါတယ်။ အိမ်ငှားတစ်ယောက်ကို ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက စွဲရတာ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီး ။ ဒါက သတိပြုရမှာပေါ့ ။ အဲ့ဒီမှာသတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊မစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။ တရားဝင်ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။ သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင် တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင်စွဲတော့ ။ မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက် ။ ဒီနို့တစ်စာကို အဲ့လိုမရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတဲ့အတွက် အဲ့ဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲဖြေကြားချင်ပါတယ်။

#DVBLawlab #ကာလစည်းကမ်းသတ်

Related Posts