Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မိမိကိုယ်ပိုင်သစ်စိုက်ခင်း မှတ်ပုံတင်ကြမယ်🌲🌲

မိမိကိုယ်ပိုင်သစ်စိုက်ခင်း မှတ်ပုံတင်ကြမယ်🌲🌲

မိမိကိုယ်ပိုင်သစ်စိုက်ခင်း မှတ်ပုံတင်ကြမယ်🌲🌲

၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် အတည်ပြု ပြဌာန်းသည့် သစ်တောဥပဒေ၏  အခန်း (၃) ပုဒ်မ။ ၈ အပိုဒ်(ခ) အပိုဒ်ခွဲ (၁) အပိုဒ်ခွဲ (၂) အပိုဒ်ခွဲ (၃) အပိုဒ်ခွဲ (၄) အပိုဒ်ခွဲ (၅) ရဲ့ ဥပဒေ ပြဌာန်းချက်များအရ မိမိတို့ စိုက်ပျိုးထားသည့် သစ်ပင်များနှင့် သစ်စိုက်ခင်းများကို မိမိတို့ ပိုင်ဆိုင်ခွင့်ရှိပါတယ်

“(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ

(၂) သစ်တောနယ်မြေပြင်ပတွင် တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၃) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ

(၄) နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ” လို့ ဆိုထားပါတယ်။

(၅)ပုဂ္ဂလိကပိုင်ဆိုင်သည့်မြေ၊အများပိုင်မြေ၊သာသနာ့မြေ၊ဌာနဆိုင်ရာပိုင်မြေနှင့်တပ်ရင်းတပ်ဖွဲ့ပိုင်မြေများတွင်စိုက်ပျိုးပြီးသက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင်မှတ်ပုံတင်ထားသောကျွန်းပင်များ

လို့ဆိုထားပါတယ်။
သို့ပေမယ့် သစ်တောဦးစီးဌာနမှာ မှတ်ပုံတင်ဖို့တော့ လိုအပ်ပါမယ်။

ဒီလို ပြဌာန်းထားတဲ့နေရာမှာ မိမိစိုက်ပျိုးထားတဲ့ စိုက်ခင်းနေရာအပေါ်မူတည်ပြီး လုပ်ထုံး/လုပ်နည်းတော့ ကွဲလွဲမှု ရှိပါတယ်။

၁။ သစ်တောဧရိယာအတွင်း စိုက်ပျိုးမည်ဆိုပါက မစိုက်မီ သစ်တောဌာန၏ ခွင့်ပြုချက်ကို အရင်ရရှိဖို့လိုပါတယ်။

၂။ သစ်တောနယ်မြေပြင်ပ မြေစာရင်းပိုင်မြေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ပြီးမှ သစ်တောဌာနမှာ မှတ်ပုံတင်ရပါတယ်။ သစ်တောနယ်မြေ ပြင်ပ စိုက်ပျိုးခြင်းမှာလည်း အကြမ်းအားဖြင့်- (က) ပုံစံ (၇)ယာမြေ၊ ပုံစံ (၁၀၅)(၁၀၆) စတဲ့ မြေစာရင်းရဲ့ ခွင့်ပြုချက်ရထားတဲ့ မြေယာပေါ်တွင်စိုက်ပျိုးခြင်း။ (ခ) မိမိခြံဝန်းအတွင်း စိုက်ပျိုးခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။

(ဒီနေရာမှာ သတိထားရမှာ လယ်မြေပေါ်တွင် လုံးဝ စိုက်ပျိုးခွင့်မရှိပါ။ လယ်မြေပေါ်တွင် စိုက်ပျိုးလိုပါက မြေစာရင်းရုံးတွင် လယ်ယာမြေ လွဲပြောင်းသုံးစွဲခွင့် လျောက်ထားပြီး ခွင့်ပြုချက်ရမှ စိုက်ပျိုးသင့်ပါသည်။)
ဆိုတော့ လိုရင်းကို ပြန်သွားရမယ်ဆို - သစ်တောဧရိယာမှာ စိုက်ပျိုးမယ့် စိုက်ခင်းများဟာ မစိုက်မီကတည်းက သစ်တောဌာနရဲ့ ခွင့်ပြုချက် ယူရတာကြောင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို အထွေအထူး လုပ်စရာ မလိုပါ

ကိုယ်ပိုင်မြေမှာ စိုက်ပျိုးသူများအနေဖြင့် စိုက်ခင်းမှတ်ပုံတင်မည်ဆိုလျှင် စိုက်ပျိုးမြေယာနဲ့ပတ်သက်ပြီး
၁။ မိမိပိုင်ဆိုင်ကြောင်း အထောက်အထား မူရင်း/မိတ္ထူ ၂။ နိုင်ငံသား မှတ်ပုံတင် မူရင်း/မိတ္ထူ ၃။ စိုက်ပျိုးထားသည့် ဧရိယာ (ဧက) ၄။ စိုက်ပျိုးထားသည့် အပင်အမျိုးအစား၊ အရေအတွက် ၅။ စိုက်ပျိုးသည့် ခုနှစ် စတဲ့အချက်အလက်များကို ယူဆောင်၍ မြို့နယ်/ခရိုင်သစ်တောရုံးမှာ သွားရောက်မှတ်ပုံတင်ရပါမယ်။

မှတ်ပုံတင်တဲ့အခါ အောက်ဖော်ပြပါ ဖောင် ကို ထုတ်ပေးပါမည် ထိုဖောင်ကို ဖြည့်စွက်ပြီး သစ်တောအရာရှိမှ စစ်ဆေးအတည်ပြုပြီးပါက မှတ်ပုံတင်ခြင်းလုပ်ငန်း ပြီးဆုံးပါပြီ။
ဒီလို မှတ်ပုံတင်ထားပြီး သစ်ထုတ်ချိန်ကျရင် သစ်တောရုံးကို အကြောင်းကြားပြီး လိုအပ်တဲ့ အခွန်ပေးဆောင်ပြီးပါက သယ်ယူရောင်းချသည့်အခါ လွယ်ကူအောင် သစ်တောရုံးမှ လိုအပ်သည့် ထောက်ခံချက် မျှောစာနှင့်အတူ မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ကိုမဆို သယ်ယူရောင်းချခွင့် ရရှိပါပြီ။ 
မှတ်ပုံတင်ထားပြီး ခုတ်ယူမယ်ဆို ခွင်ပြုချက်နဲ့အညီ ခုတ်လှဲ သုံးစွဲလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်
Credit-ဥပဒေသိမှတ်ဖွယ်ရာများ

Related Posts