Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေခွန်ပြေစာရှိယုံနဲ့ မြေဝယ်ယူသူများ

မြေခွန်ပြေစာရှိယုံနဲ့ မြေဝယ်ယူသူများ

မြေခွန်ပြေစာရှိယုံနဲ့ မြေဝယ်ယူသူများ
=========================
မိတ်ဆွေ ။ ဆရာရေ သန်လျင်ဘက်မှာ အချက်အချာကျတဲ့ နေရာကောင်း မြေကွက်လေးတွေ့ထားပါတယ်။ ရှိတဲ့​ငွေလေးစုပြီးဝယ်ရမှာမို့ ရောင်းမှား၊ ဝယ်မှား မဖြစ်စေရန် စာရွက် စာ တမ်း လိုက်လံစစ်ဆေးပြီး စာချုပ် ချုပ်ဆိုဆောင်ရွက်ပေးပါရန် ဖုန်းဖြင့် အကူအညီတောင်းခံလာသဖြင့်.. 
ဆရာ ။ ဒါဆိုရင် ပထမ ပိုင်ဆိုင်စာရွက်စာတမ်းတွေ ဓာတ်ပုံရိုက်ပြီး Viber နဲ့ လှမ်းပို့လိုက်ပါဆိုပြီး ပြောလိုက်ရာ..မကြာခင် စာရွက်စာတမ်းများ "ပလုံ ပလုံ" အသံဖြင့် Viberထဲရောက်ရှိလာသဖြင့် ကြည့်ရူ့စစ်ဆေးရာ... 
(မြေခွန်ပြေစာနှင့် အဆက်အစပ်အရပ်စာချုပ်)များသာ တွေ့ရှိရ၍။
မိတ်ဆွေအား ဖြတ်ပိုင်း၏ နောက်ကျောတွင် ဘာရေးထားသလဲ သိရှိစေရန် ရည်ရွယ်၍ မေးမြန်းလိုက်ရာ "ဤဖြတ်ပိုင်းသည် အခွန်ပြေစာသာဖြစ်သည်။ မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံလက်မှတ်မဟုတ်" ။ ဆိုပြီးတွေ့ရှိပါတယ် ဆရာ။ 
လိုချင်အဖြေက ဒါပဲ။ ဆက်လက်ဝယ်ယူဖို့ ဝယ်သူ၏ သဘော ဆန္ဒပါပဲ ခင်ဗျာ။
မြေခွန်ပြေစာအကြောင်း တစ်စေ့တစ်စောင်
........................................................... 
မြေခွန်ပြေစာက မြေပိုင်ဆိုင်မှု မဟုတ်ပါ။ မြေပိုင်လို့ မြေခွန်ပြေစာရတာလည်း မဟုတ်ပါဘူး။ မြေအ သုံးပြုဘူးသူ အသုံး ပြုနေသူသာဖြစ်ပါတယ်။ အစိုးရမြေကို ကျူးကျော်ခဲ့ရင်လည်း မြေခွန်ပြေစာပေးပြီး ကျူးခွန်အဖြစ် ထမ်းဆောင်ရပါတယ်။ မြေခွန်မဆောင်ပဲ ပြေစာမရှိပဲ မြေအသုံးပြုနေတာလဲ ရှိတတ်ပါတယ်။ မြေကတော့ အစိုးရမြေသာဖြစ်ပါတယ်။တရား ဝင် မြေပိုင်တာမဟုတ်ပါဘူး။ 
မြေပိုင်ဆိုင်မှုအတွက်က..
၁။ လယ်ယာမြေဆိုရင် (ပုံစံ ၇) ရှိရပါမယ်၊ (ပုံစံ ၇)ရှိမှ တရား ဝင် လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။ ဒါမှ မြေနဲ့ပတ် သက်တဲ့ အခွင့်အရေးတွေ ရပါတယ်။ ရောင်းဝယ်ခွင့်လည်း ရှိတယ်လို့ ဥပဒေမှာ အတိအလင်း ပြောထားပါတယ်၊ ဝယ်ရင် လယ်ယာမြေ တည်ရှိတဲ့ ကျေးရွာ လယ်စီရှေ့မှောက်မှာ စာ ချုပ် ချုပ်ဆိုပါ၊ အခွန်ဆောင်ပါ။ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီးဌာနမှူးရုံးမှာ တင်ပြပြီး မှတ်ပုံတင်ပြု လုပ်ပါ။ ဒီလို လုပ်ပြီးမှ ပုံစံ ၇ အမည်ပြောင်းဖို့ ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လယ်ယာမြေအတွက် မြေခွန်ပြေစာက (မြေစာရင်း ၈ မြေခွန်ပြေစာ LR.😎 ကိုအသုံးပြုပါတယ်။ 
🇲🇲ZLA Law Firm
09986252417

Credit: ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
https://www.facebook.com/groups/336388301100093/permalink/933009528104631

Related Posts