"စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ" CONDOMINIUM LAW
Condominium Law အောက်မှာရှိတဲ့ Condo ဆိုတာ Facilities တစ်ခုတည်းပြီးပြည့်စုံလို့မရပါဘူး။ Condo အစစ်အမှန်ရဲ့ အနှစ်သာရကို အပြည့်အဝရဖို့ဆိုရင် အောက်မှာရေးထားတဲ့ အချက်တွေနဲ့ ညီနေဖို့လိုပါတယ်။
🔹ပုဒ်မ ၂ (ဂ) အရ စုပေါင်းပိုင်မြေဖြစ်ရပြီး
🔹မြေအချိုးကျပိုင်ဆိုင်ခွင့်ရှိရမယ်
🔹ပုဒ်မ ၂ (က) စုပေါင်းပိုင် အဆောက်အအုံဖြစ်ရပါမယ်။
🔹မြေဧရိယာ စတုရန်းပေ ၂၀၀၀၀ နှင့် အထက်ရှိရမည်
🔹ပုဒ်မ ၂ (က) အနည်းဆုံး ၆ ထပ်နှင့် အထက်ရှိရပါမယ်
🔹Facilities များပါဝင်ရပါမယ်
🔹မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊အဖွဲ့အစည်းများရဲ့ အခြားသက်မှတ်ချက်အတိုင်း ဆောက်လုပ်ထားခြင်း ဖြစ်ရပါမယ်။
👉ဒီလိုအချက်တွေနဲ့ပြည့်စုံပြီဆိုရင် Condominium Law အရ Condo တစ်ခုအဖြစ်သက်မှတ်လို့ရပါပြီ
✅Condominium law အောက်မှာရှိတဲ့ Condo တစ်ခုဖြစ်ပြီဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ခံစားနိုင်ပြီဖြစ်ပါတယ်။
🔸ကြိုပွိုင့်ရောင်းချခွင့်
🔸မြေအချိုးကျပိုင်ဆိုင်ခွင့်
🔸 ပုဒ်မ ၁၅ (ခ)၊ ၂၄ (ဂ) Condo ရဲ့ ၄၀% ထက်မပိုသော အခန်းများကို နိုင်ငံခြားသားများအားရောင်း ချနိုင်ခွင့်
🔸ပုဒ်မ ၂၆ (က) အခန်းများအား မိမိအမည်ပေါက်ပိုင်ဆိုင်ခွင့်
🔸ပုဒ်မ ၂၈ အနည်းဆုံး ၇၅% သော အခန်းပိုင်ရှင်များရဲ့ သဘောတူညီမှုရရှိမှသာ ဒီ condo ကို ပြင် ဆင်ခြင်း၊တည်ဆောက်ခြင်း၊ ရောင်းချခြင်းများပြု လုပ်ခြင်းများပြုလုပ်နိုင်ခွင့် စသည်တို့ပဲဖြစ်ပါတယ်။
ZLA🇲🇲
Credit: ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
https://www.facebook.com/permalink.php?story_fbid=pfbid05DYYHC8NHS2y8vowRt9h6PNSw4s2cBPHcbYq8vmkTGX5RdB1jjWzkdxQSLv7GGPul&id=100069838016415