Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

ပြည်တွင်းအခွန်များဦးစီးဌာနတွင်

အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ခြင်း

ဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေရှိ/မရှိစစ်ဆေးမှုခံယူ၍ ဝင်ငွေခွန်ကျသင့်ပါက ဝင်ငွေခွန်ပေးဆောင်ခြင်း
သတ်မှတ်တန်ဖိုးအပေါ်တွင် ကျသင့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းတို.ကို ဆောင်ရွက်ရပါမည်။

တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းများ

(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာနယ်နိမိတ်အတွင်း
တည်ရှိသော အိမ်ခြံမြေဖြစ်ပါက အဆိုပါစည်ပင်သာယာရေးကော်မတီ၊ မြို.ပြစီမံကိန်းနှင့်မြေစီမံခန်.ခွဲမှုဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊
မြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆မူရင်း/မိတ္တူ၊ ရန်ကုန်တိုင်းဒေသကြီး/မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို.နယ်များဖြစ်ပါက မြို.နယ်လယ်ယာမြေစီမံခန်.ခွဲရေး နှင့် စာရင်းအင်းဦးစီးဌနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊ မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ၊

ဂရန်မရရှိသေးသော ခွင့်ပြုချထားမြေ ဖြစ်ပါက

 မြေကွက်ချထားပေးသည့်အမိန်. မူရင်း/မိတ္တူ
သက်ဆိုင်ရာမြေယာကော်မတီသို. ပေးသွင်းသည့်မြေယာဖော်ထုတ်စရိတ်နှင့် မြေယာစီမံခန်.ခွဲမှုစရိတ်ပေးသွင်းသည့် ငွေသွင်းချလန် မူရင်းနှင့်မိတ္တူ
 

(၂) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသူနှင့်လက်ခံသူ/လဲလှယ်ခြင်းဖြစ်ပါက လဲလှယ်သူနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ မူရင်း/ မိတ္တူ
(၃) မြေကွက် (သို.မဟုတ်) မြေနှင့်အဆောက်အအုံ ဓာတ်ပုံ
(ရှေ.၊နောက်၊ဘေး ၂ဖက်)
(၄) မြေဌားစာချုပ် (ဂရန်) မူရင်း/မိတ္တူ
(၅) အရောင်းအဝယ်စာချုပ် သို.မဟုတ် မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ် သို.မဟုတ် လဲလှယ်သည့်စာချုပ် မူရင်း/မိတ္တူ
(၆) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်လ ျှင် ပေးကမ်းသူ၏ အမွေဆက်ခံသူများရှိပါက ပေးကမ်းမှုကို သိရှိပါကြောင်းနှင့် ၎င်းတို.ပိုင်ဆိုင်မှုများကို စွန်.လွှတ်ကြောင်း ကျမ်းကျိန်လွှာနှင့်ပေးကမ်းခြင်း မမြောက်သည့်အကြောင်း ပေါ်ပေါက်ပါက နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် ခံဝန်တင်သွင်းသည့်စာချုပ်

 တန်ဖိုးကိုစိစစ်သတ်မှတ်ခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀-၄-၂၀၁၇ ရက်နေ.ရက်စွဲပါ အမိန်ကြော်ငြာ စာအမှတ် ၄၀/၂၀၁၇ ဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ.ကို ဖွဲ.စည်းထားသည်။
 

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ.မှ

လယ်ယာမြေမှအပ ကျန်မြေနှင့်အဆောက်အအုံများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြေနှင့်အဆောက်အအုံ၏ ကာလတန်ဖိုးကို စိစစ်သတ်မှတ်ပေးမည် ဖြစ်ပါသည်။
ကာလတန်ဖိုး စိစစ်သတ်မှတ်မှုခံယူပြီး တစ်နှစ်အတွင်း အခွန်စည်းကြပ်မှုခံယူရန်ပျက်ကွက်ပါက ကာလတန်ဖိုးစိစစ်သတ်မှတ်ချက်ကို ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ တစ်နှစ်ကျော်မှ အခွန်စည်းကြပ်မှုခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုး ပေါက်ဈေးဖြင့် အစားထိုးပြန်လည် တန်ဖိုးသတ်မှတ်သွားမည် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို.နယ်များအနေဖြင့် တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ.က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိမြို.နယ်များနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိမြို.နယ်များဖြစ်ပါက မြို.နယ်ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ.များကလည်းကောင်း ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးပါသည်။
 

ပေးဆောင်ရမည့်အခွန်တွက်ချက်ခြင်း

အိမ်ခြံမြေဝယ်ယူသူ အနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ.ကသတ်မှတ်သည့် ဝယ်ယူတန်ဖိုးအပေါ် မိမိအနေဖြင့်တင်ပြနိုင်သည့် ဝင်ငွေရလမ်း အထောက်အထားများတင်ပြပြီး ဝင်ငွေခွန် ရှင်းလင်းပေးဆောင်ရန် လိုအပ်ပါသည်။(နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။)
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်မြို.နယ်တွင်တည်ရှိသည့် အိမ်၊ခြံ၊မြေ အဆောက်အအုံကို ဝယ်ယူသည်ဖြစ်စေ၊ လဲလှယ်သည်ဖြစ်စေ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ၊ စုစုပေါင်း ၄ ရာခိုင်နှုန်းကို ပေးဆောင်ရပါမည်။
မြို.နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ထုတ်ပေးသည့် ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန် ငွေသွင်းချလန်တို.ဖြင့် သက်ဆိုင်ရာမြို.နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။
မြန်မာ့စီးပွားရေးဘဏ်သို. ငွေပေးသွင်းပြီးသည့် ဝင်ငွေခွန်ချလန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်း မူရင်း/မိတ္တူ အားမြို.နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ်ချုပ်ဆိုရန် တံဆိပ်ခေါင်းများ ထုတ်ယူရပါမည်။ (မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန် ပေးဆာင်ရန်မလိုပါ)

[ မိမိဝယ်ယူ/ရယူသည့် အိမ်ခြံမြေတည်ရှိရာ မြို.နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်
သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်
၊ လမ်းအလိုက်စံနှုန်းများ၊ အဆောက်အအုံပါရှိခြင်းအတွက် အဆောက်အအုံအမျိုးအစားအလိုက် သတ်မှတ်စံနှုန်းများ ( တစ်ပေလ ျှင်မည်မ ျှ ကုန်ကျမည့်တွက်ချက်သည့် PAE နှုန်း) တို.ကို ဖတ်ရှု.ပြီး တွက်ချက်နိုင်ပါသည်။ ]

အိမ်ခြံမြေကို ဝယ်ယူ/ရယူသူများအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃အရ ဝင်ငွေခွန်တောင်းခံလွှာပုံစံ ပတခ (ဝင) - ၈ နှင့်အတူမြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန်အပြည့်အဝကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို.နယ်များဖြစ်ပါက စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးသို.လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို.နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိမြို.နယ်များဖြစ်ပါက မြို.နယ်လယ်ယာမြေစီမံခန်.ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို. သွားရောက်မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

Credit : Winningland.org

Ref : ပြည်တွင်းအခွန်များဦးစီးဌာန

Related Posts